ကမ္ဘာပေါ်မှာ လူပေါင်း၈ဘီလီယံကျော်ရှိတဲ့အထဲမှာမှတခြားသူရဲ့ နာမည်နဲ့ နေရမယ်ဆိုရင် ဘယ်လိုဖြစ်မယ်ထင်ပါသလဲ။ဒီတစ်ခေါက်တင်ဆက်ပေးမယ့် ရှိုးအသစ်လေးကတော့ AI Gabriel ကPark Bo-gum၊ Ji Chang-wook၊ Park Myung-soo၊ Hong Jin-kyung၊Yeom Hye Ran၊ Gabee၊ Dex တို့လို ကြယ်ပွင့်တွေရဲ့ဘဝကိုခွဲခြမ်းစိတ်ဖြာပြီးတော့ နာမည်အသစ်နဲ့ တခြားသူအဖြစ် ၇၂နာရီတိတိရှင်သန်သွားခိုင်းမှာပဲဖြစ်ပါတယ်။ထိပ်တန်းကြယ်ပွင့်သရုပ်ဆောင်တွေဆိုတဲ့ ခေါင်းစဥ်ကနေခွဲထွက်ပြီးတော့လုံးဝ အနေစိမ်းတဲ့နိုင်ငံ၊ မရင်းနှီးသေးတဲ့နာမည်နဲ့ တခြားသူရဲ့ဘဝအတိုင်းတစ်ထပ်တည်းဖြစ်အောင် နေထိုင်သွားနိုင်ကြပါ့မလား…ကမ္ဘာတစ်ဖက်ခြမ်းက သူစိမ်းတွေနဲ့တွေ့ဆုံရင်း ဘယ်လို စိတ်ဝင်စားစရာကောင်းတာတွေဖြစ်လာမလဲဆိုတာကို “My Name is Gabriel”ဆိုတဲ့ ရှိုးလေးမှာ အတူတူ စောင့်ကြည့်သွားရအောင်နော်။