အပိုစာသားအက်ရှင်တွေမပါဘဲအမှန်အကန်ကြမ်းတဲ့gangကားချစ်သူတွေအကြိုက်တွေ့မယ့် Mirzapur s3ထွက်ရှိလို့လာပါပြီ။အတွဲ ၂ ရဲ့အဓိက အာဏာပြိုင်ဆိုင်မှုဖြစ်တဲ့ ကာလင်းနဲ့ ဂူဒူနဲ့ဘာလူးတို့ရဲ့သေရင်မြေကြီး ရှင်ရင် ရွှေထီးဆိုတဲ့ပြိုင်ပွဲမှာ ရှုံးနိမ့်သွားခဲ့တဲ့ ကာလင်းတစ်ယောက်အမြီးကုပ်သွားသလို ဂူဒူလည်း ဘာလူကို ဆုံးရှုံးလိုက်ရပြီးတဲ့နောက်မှာတော့မီဇာပူးရဲ့ပလ္လင်လုပွဲလည်း ပြန်ပြီးတော့ အသက်ဝင်လာခဲ့တော့တာပေါ့။မီဇာပူးပလ္လင်ကို အရမယူခင်မှာ ကာလင်းအုပ်ချုပ်နေတဲ့ ပူရ်ဗန်ချယ်ကိုအုပ်စိုးမယ့်သူရွေးဖို့ ဂိုဏ်းစတားတွေစည်းဝေးဖို့ဖြစ်လာချိန်….မီဇာပူးပလ္လင်ဆီကို တက်လှမ်းဖို့ဆို ပူရ်ဗန်ချယ်က အခရာဖြစ်နေတဲ့အတွက်သူ့ထက်ငါအပြိုင် ဒီနေရာကို ချောင်းမြောင်းနေကြချိန်မှာ အဓိကပြိုင်ဘက်ဖြစ်လာတဲ့ဒူနဲ့ တစ်ချိန်ကဝံပုလွေပေါက်ကနေ ကျားပေါက်ဖြစ်လာတဲ့ ရှရတ်ရှူကလာတစ်ဖက်က အာဏာလုပွဲမှာ အသက်ပေးလိုက်ရတဲ့ ခင်ပွန်းဖြစ်သူမူနာအတွက်လက်စားချေဖို့ တစ်ယောက်တည်းအကွက်ချစီစဉ်နေတဲ့ဝန်ကြီးချုပ်မာဒူနီကပါအာဏာလုပွဲထဲ ပါဝင်ပတ်သက်လာချိန်မှာတော့…..အာဏာလုပွဲဆိုတဲ့အတိုင်း သွေးချောင်းစီးမှုနဲ့ပဲ အဆုံးသတ်တာမလို့ ဒီအတွဲ ၃ မှာရောလှိုင်းတစ်လုံးထက် တစ်လုံးကပိုမြင့်နေတဲ့ မြေအောက်လောကမှာ ဘယ်သူတွေကအာဏာရှင်ဖြစ်လာဦးမလဲဆိုတာ ရှုစားလိုက်ရအောင်ပါ။