ဆင်းရဲတွင်းကနေ လွတ်မြောက်ပြီး ပညာသင်ဆုရဖို့ ကြိုးစားနေတဲ့ အထက်တန်းကျောင်းသားလေး Zen (ဇန်)တစ်ယောက်တစ်နေ့မှာတော့ ကံဆိုးစွာနဲ့ပဲ သူတို့ပါဝင်ကစားနေတဲ့ ဘတ်စကတ်ဘောအသင်းက စီနီယာတစ်ယောက် ဆေးစွဲနေပါတယ်ဆိုပြီးLin (လင်) ဆိုတဲ့ကျောင်းသားသတင်းထောက်လေးကနေတဆင့် သတင်းပျံ့သွားခဲ့လေတော့ကျောင်းက သူတို့ဘတ်စကတ်ဘောကလပ်ကို ဖျက်သိမ်းဖို့အတွက် ကြေညာခဲ့ပါတယ်။သူ့ဝါသနာကို လက်မလျှော့ချင်တာကြောင့် Zen (ဇန်)တစ်ယောက် ရာသီပွဲစဉ်ပထမပွဲမတိုင်ခင်မှာ ဝင်ကစားနိုင်ဖို့အသင်းဖော်သစ်တွေနဲ့ နည်းပြအသစ်တွေရှာပြီး အသင်းသစ်ထပ်ဖွဲ့ဖို့ကြိုးစားရပါတော့တယ်။သူငယ်ချင်းဟောင်းတွေဖြစ်တဲ့ Ryu(ရူ)နဲ့ Zen (ဇန်) တို့ကြားက မတူကွဲပြားချက်တွေကိုနောက်ထားပြီးဘတ်စကတ်ဘော ကစားဖို့အတွက် သူတို့နှစ်ယောက် ပြန်လည်ပေါင်းစည်းနိုင်ခဲ့ပါတယ်။သူတို့ကြားကဆက်ဆံရေးက သူငယ်ချင်းအဆင့်ထက်ကျော်လွန်နေပေမဲ့အလွတ်တမ်း ဘတ်စကတ်ဘောကစားသမား Ryu (ရူ) တစ်ယောက်အသင်းခေါင်းဆောင် Zen ( ဇန်) အပေါ် သူ့ခံစားချက်တွေ ဝန်ခံလိုက်ဖို့ တွန့်ဆုတ်နေတဲ့အခါမှာတော့….