DC Comic ရဲ့ နာမည်ကျော် လူဆိုးကြီးများအဖွဲ့ Suicide Squad ကို Live Action တွေကာတွန်းတွေ အသီးသီးထုတ်ခဲ့ကြပြီးတဲ့နောက်ယခုအခါမှာတော့ Warnar Bros Japan ကနေpy X Family လို Anime ကောင်းတွေကို ထုတ်လုပ်ပေးခဲ့တဲ့ Wit Studio နဲ့ ပူးပေါင်းပြီးAnime အဖြစ် ပြန်လည် အသက်သွင်းလိုက်ပါပြီ။ Anime အဖြစ် အသက်သွင်းထားရုံတင်မကပဲSuicide Squad ကို ကမ္ဘာမြေပေါ်ကသာမန်စစ်ဆင်ရေးတွေ မလုပ်ခိုင်းတော့ပဲ Anime Genre တွေထဲမှာလူသိများတဲ့ Isekai (တခြားကမ္ဘာ) ဆိုတဲ့အမျိုးအစားအဖြစ် ဖန်တီးထားတာပဲ ဖြစ်ပါတယ်။Isekai ဆိုတာ ဘာလဲရှင်းပြရမယ်ဆိုတော့ ကမ္ဘာမြေနဲ့ မတူပဲ နဂါးတွေ ဘီလူးတွေ မှော်ပညာတွေရှေးဟောင်းတိုင်းပြည်တွေရှိတဲ့ဂိမ်းဆန်ဆန် ကမ္ဘာတစ်ခုကို ဆိုလိုချင်တာပဲ ဖြစ်ပါတယ်။ခုလက်ရှိ Anime မှာလည်း Suicide Squad ထဲမှာဆို အားလုံးရဲ့ အသည်းကျော်Harley Quinn ပါမယ်ပစ်မှတ်ကို ဘယ်တော့မှ မလွဲမယ့် Dead Shot ကြီး ပါမယ် John Cena အသက်သွင်းပေးထားတဲ့Peacemaker ကြီးပါမယ် Jame Gunn ရဲ့ကောင်းမှုကြောင့် အူကြောင်ကြောင် ချစ်စရာငါးမန်းကြီးKing Shark ပါမယ် နောက်ပြီး Live Action တွေထဲမှာ မပါဝင်သေးတဲ့ ဆရာဘတ်ရဲ့လူဆိုးတစ်ယောက်ဖြစ်တဲ့ Clayface ရော ပါဝင်ထားပါတယ်။ဇာတ်လမ်းအရဆိုရင်တော့ ထုံးစံအတိုင်း အစိုးရလူယုတ်မာကြီး Amanda Waller ကနေဒီလူ ၅ ယောက်ကို စုစည်းပြီးတော့လည်ပင်းမှာ ဗုံးတပ်ပေးပြီး Isekai ခေါ် တခြားကမ္ဘာထဲကိုစစ်ဆင်ရေးတစ်ခု လွှတ်လိုက်ပါတယ်။ ဒါပေမဲ့ ထုံးစံအတိုင်းတကယ့်ရည်ရွယ်ချက်က ဘာဖြစ်မလဲHarley တို့ အုပ်စုလိုက်ကြီး Isekai ထဲမှာ ဘယ်လိုတွေ ပေါက်ကရလုပ်ပြီးစွန့်စားကြမလဲဆိုတာကိုတစ်မူထူးခြားပြီး Anime အမြင်လေးနဲ့ ကြည့်ရမှာပဲ ဖြစ်ပါတယ်။Season 1 မှာတော့ စုစုပေါင်း အပိုင်း ၁၀ ပိုင်း ပါဝင်မယ်လို့ သိထားရပြီး အပတ်စဉ် တင်ဆက်ပေးသွားမှာဖြစ်လို့ စောင့်မျှော်ကြည့်ရှုပေးပါဦးခင်ဗျာ။