Find Me in Your Memory그 남자의 기억법 FHD

Find Me in Your Memory그 남자의 기억법

Drama FHD 2020-03-18 7.8

ဒီတစ်ခါ   တင်ဆက်​ပေးမဲ့ ဇာတ်လမ်းတွဲ​လေးက​တော့The Guest ထဲက မင်းသား Kim Dong Wook နဲ့ True Beauty ထဲကမင်းသမီး Moon Ga Young တို့ အဓိကပါ၀င် သရုပ်​ဆောင်ထားတဲ့Find Me in Your Memory ဆိုတဲ့ ဇာတ်လမ်းတွဲ​လေးပဲ ဖြစ်ပါတယ်။ဇာတ်လမ်းအညွှန်း-အီ​ဂျောင်ဟွန်း (Kim Dong Wook)က သူ့အစီအစဥ်ကို လာ​ရောက်ပါဝင်တဲ့သူ​တွေရဲ့အမှား​တွေ ​ထောက်ပြရတာ ကြိုက်တဲ့ HBN သတင်းဌာနရဲ့ လူ့ဂွစာသတင်း​ကြေညာ​ရေးမှူးတစ်​ယောက်ပဲ ဖြစ်ပါတယ်။ယောဟာဂျင်း (Moon Ga Young) က​တော့ နာမည်ကြီးသရုပ်​ဆောင်​တစ်​​ဦးဖြစ်ပြီးသူတို့နှစ်​ယောက်ဟာ မှတ်ဉာဏ်ပိုင်းဆိုင်ရာမှာ ဆန့်ကျင်ဘက်ဖြစ်​​နေကြတဲ့သူ​တွေပါ။အီ​ဂျောင်ဟွန်းဟာ မှတ်ဉာဏ်လွန်ကဲ​ရောဂါရှိပြီး ဘဝတစ်​လျှောက်ဖြစ်ပျက်သမျှ ကိစ္စ​တွေကို ​မေ့လို့မရ​တဲ့သူဖြစ်သလို တစ်ဖက်မှာ​လည်း ​ယောဟာဂျင်းက​ သူမဘဝရဲ့အ​ရေးပါဆုံး အခိုက်အတန့်ကိုတောင် ​မေ့​နေတဲ့သူပဲဖြစ်ပါတယ်။အမှား​တွေကို ​ထောက်ပြရတာ ကြိုက်တဲ့အီ​ဂျောင်ဟွန်းနဲ့ မင်းသမီး​ယောဟာဂျင်းတိုနှစ်ယောက်ရဲ့ နောက်ကွယ်မှာ ဘယ်လိုဇာတ်လမ်းလေးတွေရှိနေတာလဲ။ယောဟာဂျင်း ​မေ့​​နေတဲ့အ​ခိုက်အတန့်ကရော ဘာများဖြစ်မလဲဆိုတာကို စိတ်၀င်တစား ​စောင့်ကြည့်ရင်း သူတို့နှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းလေး​ကိုလည်း တသသ ခံစားကြည့်ရှုရမဲ့drama​ လေး ဖြစ်တာမလို့ အားလုံးလည်း သ​ဘောကျကြမယ်လို့ထင်ပါတယ်။