GLလောကဘက်ကို ခြေလှမ်းသစ်စမယ့် Ling-Orm coupleရဲ့လည်ပင်းရှည်နေခဲ့ရတဲ့ စီးရီးသစ်လေးဖြစ်တဲ့ The secret of usလေး ထွက်ရှိလို့လာပါပြီ။Ch3လို ချန်နယ်ကြီးရဲ့ first GLဖြစ်တာမလို့ မျှော်လင့်ရတာတွေနဲ့ အမောပြေမလား ရှုစားကြပါဦးစို့။သိပ်ချစ်ခဲ့ကြပေမဲ့ ရုတ်တရက်ပြောင်းလဲသွားတဲ့အန်ကြောင့် နှလုံးသားကိုအမှောင်ချလို့အချစ်ဆိုတာကို သူ့ရဲ့အဘိဓာန်ထဲကထုတ်လိုက်တဲ့ Angel doctor ဖာလာဒါနှလုံးသားချင်းထပ်တူကျခဲ့ပါရဲ့နဲ့ မလွှဲမရှောင်သာ သစ်စိမ်းချိုးချိုးပြီးကိုယ့်နှလုံးသားကိုယ် ရက်ရက်စက်စက်ခွဲပစ်ခဲ့ရတဲ့အန်လှပခဲ့တဲ့အချစ်ဇာတ်လမ်းက နာကျင်စရာတွေနဲ့တစ်ခန်းရပ်ခဲ့ပေမဲ့ဖာလာဒါရဲ့အနားကို ပြန်လာဖို့အတွက် လာဒါတို့ဆေးရုံရဲ့ presenterအသစ်အနေနဲ့ အန်တစ်ယောက် ပြန်လာတဲ့အခါ…လူနာတွေနဲ့ဆို နတ်သမီးလိုနူးညံ့သလောက် ညီမလေးကို လေစိမ်းတိုက်မယ့်မမနဲ့တစ်ချိန်ကအပြစ်တွေကို အချစ်နဲ့ကုစားမယ့်ညီမလေးကြားဘာတွေဆက်ဖြစ်မလဲဆိုတာ ငိုတစ်လှည့်ရိုတစ်လှည့်နဲ့ ခံစားလိုက်ရအောင်ပါ။