Exposure FHD

Exposure

Drama Mystery FHD 2024-06-20 8.3

အင်္ဂလိပ်စီးရီးပရိသတ်ကြီးကို ဒီတစ်ခါတင်ဆက်ပေးမယ့် စီးရီးလေးကတော့အသစ်စက်စက်ထွက်ရှိထားတဲ့ Exposure ဆိုတဲ့ မီနီစီးရီးလေးပဲဖြစ်ပါတယ်။ဓာတ်ပုံပြိုင်ပွဲအထိပါ ဆုရထားတဲ့ တက်သစ်စဓာတ်ပုံဆရာမလေးဂျက်စ်ဟာငယ်သူငယ်ချင်းရဲ့နာရေးသတင်းကြောင့် မွေးရပ်မြေမြို့လေးကို ပြန်လာခဲ့ပါတယ်။ရိုးရှင်းတဲ့မြို့ငယ်လေးဖြစ်တာမို့ သူငယ်ချင်းဖြစ်သူရဲ့ သေဆုံးမှုဟာလည်းသာမာန်ဆန်တဲ့နာရေးတစ်ခုအနေနဲ့ပဲ ပြီးမြောက်သွားခဲ့ပါတယ်။မပြီးမြောက်နိုင်တာတော့ ‌ဂျက်စ်ပါပဲ။ ဘာရယ်မဟုတ် အတိတ်ကအမှတ်တရတွေကိုလိုက်တူးဆွမိရင်း သူငယ်ချင်းဖြစ်သူရဲ့ဖုန်းထဲက ထူးဆန်းတဲ့လူတစ်ယောက်ကို လိုက်စုံစမ်းမိလာပါတော့တယ်။ဒီသေဆုံးမှုဟာ ခပ်မှိုင်းမှိုင်းမြို့ငယ်လေးက ခပ်ရိုးရိုးသေဆုံးမှုလား… ဒါမှမဟုတ် မြှုပ်ကွက်များရှိနေမလား၊ဂျက်စ်တစ်ယောက် သူလိုချင်တဲ့အဖြေရသွားမလား ဆိုတာကိုတော့ ပရိသတ်ကြီးကိုယ်တိုင်ပဲလိုက်ပါစီးမြောကြည့်ရှုလိုက်ပါဦး။ ခပ်မှိုင်းမှိုင်း Cinematography ၊ ခပ်လေးလေးနောက်ခံတီးလုံးနဲ့ ခပ်အေးအေးplot အသွားကြောင့် ခုလိုမိုးအေးအေးနဲ့ကြည့်လို့တော့ အကိုက်ဆုံးစီးရီးလေးလို့ ညွှန်းပါရစေ။

အပိုင်းများ

Season - 1