ကျောင်းသားအချစ်ဇာတ်လမ်းတွေကို သဘောကျသူတွေအတွက်တမီလ်ကျောင်းသားအချစ်ဇာတ်လမ်းလေး တင်ဆက်ပေးချင်ပါတယ်။ငယ်ချစ်နှစ်တစ်ရာမမေ့သာဆိုတဲ့ ခရစ်ရှ် ၊ နောက်မှဆုံပေမဲ့ နွေးထွေးမှုပေးနိုင်တဲ့အာကက်ရှ်နဲ့ ဗန်နီလာဆိုတဲ့ကောင်မလေးတို့ကြားက 3 ပွင့်ဆိုင်ချစ်ဇာတ်လမ်းကို ရှုစားရမှာပါ။ဖခင်ကအမြဲနှိပ်စက်ရိုက်နှက်တတ်သလို အမေကလည်း အဖေ့ကိုမနိုင်တဲ့အတွက် အိမ်ဆိုတာငရဲပမာဖြစ်နေတဲ့ဗန်နီလာတစ်ယောက် ကျောင်းမှာသူ့ကိုကာကွယ်ပေးတဲ့ကိုကြီး ခရစ်ရှ်ဟာ သူ့အတွက်တစ်ကမ္ဘာပါပေါ့။ဒါပေမဲ့ အတ္တတွေကြားမှာ အချစ်ဦးနဲ့လွဲချော်ရဖို့ဖြစ်လာပြီး နွေးထွေးတဲ့ရင်ခွင်ပိုင်ရှင် အာကတ်ရှ်နဲ့ထပ်ဆုံရဖို့ဖြစ်လာတဲ့အခါ….တစ်ဖက်က အာကာသယာဉ်မှူးဖြစ်ချင်တဲ့ အိပ်မက်ကတစ်ဖက်၊ ချစ်သူနဲ့မိသားစုရေးရာတွေကတစ်ဖက်နဲ့ဗန်နီလာတစ်ယောက် သူ့ရဲ့ရည်မှန်းချက်အတွက် ဘယ်လိုကြိုးစားမလဲဆိုတာ ရှုစားကြပါဦးစို့။နေ့ဘက်မှာ ဘားပိုင်ရှင်ဖြစ်ပြီးညဘက်မှာတော့ “အရိပ်” ဆိုတဲ့လူသတ်လက်နက် အဖြစ် ပြောင်းသွားတဲ့ လူတစ်ယောက်ဖြစ်တဲ့ဘဲ့ရှီယွန်း (Park Shi Hoo) ဟာ ကျွမ်းကျင်အဆင့် အေဂျင့်ဟောင်းတစ်ယောက်ဖြစ်ပါတယ် ။မကာအိုစစ်ဆင်ရေးမှာ ကျရှုံးခဲ့ပြီး လုပ်ဖော်ကိုင်ဖက်ပါသေသွားရတဲ့အတွက် သုံးနှစ်တာထောင်ကျပြီးနောက်အေဂျင့်အလုပ်ကနေထွက်ပြီး ဘယ်ဂျောင်ယွန်း (Kwon Yuri) ဆိုတဲ့ ဇာတ်ညွှန်းရေးဆရာမတစ်ယောက်နဲ့အတူ“ဘားယူ” လို့ခေါ်တဲ့ ဘားတစ်ခုကို ဝယ်ပြီး ဖက်စပ်လုပ်ကိုင်ခဲ့ပါတယ်။ဒီလို သိုသိုသိပ်သိပ်နဲ့ဘဝကို ဖြတ်သန်းနေတဲ့ ဘဲ့ရှီယွန်းဟာတစ်နေ့မှာတော့ ချွဲချန်းဂယူ (Lee Soo Hyuk) ဆိုတဲ့ လူငယ်လေးနဲ့တွေ့ဆုံခဲ့ပါတယ်။ချွဲချန်းဂယူကတော့ ရဲဝန်ထမ်းဖြစ်ချင်တဲ့ လူငယ်လေးဖြစ်ပြီးတော့မိသားစုရဲ့အကြွေးတွေကို ဆပ်ဖို့အတွက်ထယ်အို (Jo Sung Ha) ဆိုတဲ့ ရဲ၀န်ထမ်းတစ်ယောက် တိတ်တဆိတ်ဖွင့်ထားတဲ့တစ်ဆင့်ခံဆောက်လုပ်ရေး ကုမ္ပဏီမှာ အချိန်ပိုင်းအလုပ်ဝင်လုပ်နေရသူပါ။တစ်နေ့မှာ ဘဲ့ရှီယွန်းက ရပ်ကွက်ထဲကနစ်နာသူတွေကို ကူညီပေးနေတဲ့ အရိပ်ဖြစ်မှန်းသိသွားတဲ့ ချွဲချန်းဂယူကသူ့ကိုလည်း တော်တဲ့လျှို့ဝှက်အေဂျင့်တစ်ယောက်ဖြစ်အောင် လေ့ကျင့်သင်ကြားပေးဖို့ဘဲ့ရှီယွန်းကို တောင်းဆိုလာပါတော့တယ် ဒီလိုနဲ့ အေဂျင့်ဟောင်းတစ်ယောက်ဖြစ်တဲ့ ဘဲ့ရှီယွန်းက ချွဲချန်းဂယူကို လေ့ကျင့်သင်ကြားပေးပြီးနောက်ရပ်ကွက်ထဲက နေထိုင်သူတွေကို ဒုက္ခပေးနေတဲ့ အမြတ်ကြီးစားကုမ္ပဏီကြီးတွေကိုနှစ်ယောက်အတူတိုက်ခိုက်ကြပြီး ရပ်ကွက်ရဲ့သူရဲကောင်း ဘယ်လို ဖြစ်လာကြမလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်။My Golden Life, The Princess’ Man ထဲက မင်းသားချော “Park Shi Hoo”Scholar Who Walks The Night, Tomorrow စတဲ့ ဇာတ်လမ်းတွဲတွေထဲကပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်လေး ” Lee Soo Hyuk”Bossam: Steal The Fate,No Breathing ထဲက မင်းသမီးတစ်ဖြစ်လဲ SNSD အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ “Kwon Yuri” အပြင်“Jo Seong Ha” ၊ “Yoon Tae Young” စတဲ့ ဝါရင့်သရုပ်ဆောင်ကြီးများပါ ပါဝင်ထားပါတယ် ..ဇာတ်လမ်းကလည်း စိတ်ဝင်စားဖို့ကောင်းတဲ့အပြင် ထိတ်ထိတ်ကြဲ သရုပ်ဆောင်တွေလည်းပါတဲ့ ဒီဇာတ်လမ်းတွဲလေးကို