BL CPအသစ်လေးတွေလည်း သူ့ဟာနဲ့သူ အောင်မြင်လာကြတာဖြစ်လို့ဒီထဲကအတွဲသသစ်လေးတွေရောဘယ်လိုလာမလဲ ရှုစားကြပါဦး။တစ်နေရာစီက စရိုက်တစ်မျိုးစီနဲ့လာတဲ့ လူလေးယောက်ဖြစ်တဲ့ အယ်လ်မွန် ပိခ် ထန်ဝါနဲ့ လတ်တေးတို့ ၄ ယောက်ဟာတဒေါက်ဒေါက်အိမ်လေးဆိုတဲ့ လုံးချင်းအိမ်လေးတစ်ခုမှာ အတူငှားနေဖို့ဖြစ်လာပါတော့တယ်။အနေအေးပြီးသေသပ်တာကို သဘောကျတဲ့ထန်ဝါပါတီဘွိုင်း အသောက်တလိုင်းလတ်တေးစိတ်ကူးယဉ်သမားလေးပိခ်နဲ့နောက်ဆုံးအနေနဲ့ မာမားဘွိုင်းလေးအယ်လ်မွန်တို့ စကားလက်ဆုံကျရင်းပါကင်ဆရာအယ်လ်မွန်က ခွက်ရှ်လေးနဲ့ငြိအောင်ချိတ်ပေးတဲ့သူကိုတစ်နှစ်စာငှားခစိုက်ပေးမယ်လို့ ချဲလန့်ခေါ်လိုက်တဲ့အခါ….မက်လောက်စရာဆုကြေးနဲ့ မလွယ်လှတဲ့ ဒီစိန်ခေါ်မှုကြားကဒီလေးယောက်ရဲ့အလွဲတွေကို အဆင်ငမ်းရင်း ရှုစားလိုက်ရအောင်ပါ။