Dating show တွေနဲ့ ပုံစံကွဲထွက်နေတာမို့Dating show fans တွေအတွက်တော့ ဆန်းသစ်တဲ့ရသတစ်မျိုးကိုပေးစွမ်းနိုင်မှာကတော့ အမှန်ပါပဲ..။“Possessed Love” လို့ အမည်ရပြီး တခြား Dating show တွေနဲ့မတူညီဘဲ ထူးခြားနေတဲ့အချက်က ပါဝင်သူတွေအကုန်လုံးဟာအနာဂတ်ကို ကြိုတင်ခန့်မှန်းနိုင်ကြတဲ့ ဗေဒင်ဆရာတွေ၊နတ်ဆရာတွေ နဲ့ တားရော့ဆရာတွေ ဖြစ်နေတာပါပဲ။(ကကြီးတို့ရဲ့ dating show concept က လိုက်မမီတော့ဘူးနော် ပရိတ်သတ်ကြီးတို့)အနာဂတ်ကို ကြိုတင်မှန်းဆနိုင်ပြီး မိမိရာသီဇာတာခွင်အရတစ်ဖက်လူဟာ ကိုယ်နဲ့လိုက်ဖက်မှုရှိမရှိဆိုတာကြိုတင်သိနိုင်တဲ့သူများဖြစ်သော်ငြားလည်း ခံစားချက်အလိုအရ စိတ်စေရာသွားမလား…..။နှလုံးသားထက် ဦးနှောက်ကို ပိုဦးစားပေးမလားဆိုတာကိုdating show တွေရဲ့ထုံးစံဖြစ်တဲ့ အတက်အကျ အနုအရွတွေနဲ့ စောင့်မျှော်ကြည့်ရမှာပဲဖြစ်ပါတယ်။