ဘဝအမောတွေပြေပျောက်စေမယ့် ဟာသကလေးလည်းဖြစ်ရမယ်၊တစ်ချိန်က ကျောင်းသားဘဝကိုလည်း ပြန်အမှတ်ရချင်တယ်ဆိုသူတွေအတွက်တက္ကသိုလ်ကျောင်းသားဘဝကို ရိုက်ကူးဖော်ပြထားတဲ့ ဟာသဇာတ်လမ်းတွဲလေးတစ်ပုဒ်တင်ဆက်ပေးချင်ပါတယ်။ ဒီတော့ဇာတ်လမ်းကိုရှုစားရင်း ငယ်ဘဝမှာဗရုတ်ကျခဲ့တာလေးတွေ ပြန်အမှတ်ရလိုက်ကြပါစို့လား။မယန့်နဲ့ပီယုရှ်တို့နှစ်ယောက်ဟာ မခွဲနိုင်မခွာရက် အမြဲတပူးတွဲတွဲနေခဲ့တဲ့ အချစ်ဆုံးသူငယ်ချင်းနှစ်ယောက်ဒီလိုနဲ့ သူတို့နှစ်ယောက် တက္ကသိုလ်မြေကိုရောက်လာချိန်မှာတော့ ကိုယ့်ကိုယ်ကိုယ်လူကြီးဖြစ်ပြီဆိုတဲ့အတွေးနဲ့ ယောက်ျားတစ်ယောက်ဖြစ်အောင်လုပ်ဖို့ ကြံဆကြလေရဲ့။ဖြစ်ချင်တာကတော့ လူတိုင်းအာရုံစိုက်ခံချင်တဲ့သူဆိုပေမဲ့ ရုပ်ရည် ငွေကြေး ဗလ အရည်အချင်းအကုန်ဇီးရိုးကိုက်နေတဲ့သူလေးတွေဆိုတော့ အကြံအိုက်နေတုန်းမှာ ချက်ကူဆိုတဲ့တက္ကသိုလ်ကဇိုးကြီးကိုတွေ့ပြီး ကြွေသွားတဲ့အခါ….ဇိုးကိုမှ ဟီးရိုးထင်ပြီး စံပြလိုသတ်မှတ်လိုက်တဲ့ မယန့်နဲ့ပီယုရှ်နှစ်ယောက် ဘယ်လိုအရှုပ်အထွေးထဲမှာပါဝင်ပတ်သက်မိကြမလဲဆိုတာကတော့ ကိုယ်တိုင်ပဲ ကြည့်ရှုအဖြေရှာလိုက်ကြပါစို့လား