The Devil’s Plan / Girls’ High School Mystery Class စတဲ့ နာမည်ကြီးရှိုးတွေကိုထုတ်လုပ်တဲ့ production team ကနေပြီး အခု Agents of Mystery ဆိုတဲ့ဦးနှောက်သုံးရမဲ့ show လေးနဲ့ ပြန်ရောက်ရှိလာပါပြီ။အေးဂျင့် ၆ယောက်ဟာ သာမန်စုံစမ်းစစ်ဆေးရေးဌာနကနေ အဖြေမရှာနိုင်တဲ့ထူးခြားတဲ့အမှုတွေကို ၆နာရီအတွင်း လိုက်ဖြေရှင်းရမှာပဲဖြစ်ပါတယ်။သူတို့ ဘယ်လိုအမှုတွေနဲ့ ကြုံတွေ့ရပြီး ဘယ်လိုလှလှပပဖြေရှင်းသွားဦးမလဲဆိုတာအတူကြည့်လိုက်ရအောင်နော်။အမှုလိုက်ဖြေရှင်းမဲ့ agent တွေကတော့ Lee Yong Jin, John Park, Kim Do Hoon,Lee Eun Ji, Hyeri နဲ့ Karina တို့ပဲ ဖြစ်ပါတယ်။