မြန်မာပရိသတ်တွေ အသည်းစွဲဖြစ်တဲ့ P’Terရဲ့ရုပ်ရှင်တွေအကြောင်းပြောရမယ်ဆိုရင်တော့ထိပ်ဆုံးကနေသတိရမိမှာ Lieutenant Opasနဲ့ATMပါပဲ။ဟာသဇာတ်ရုပ်မှာ သူမတူအောင် ပရိသတ်ကိုညှို့ယူနိုင်လွန်းတဲ့ Ter Chantavitရဲ့comedy dramaကားသစ်လေးဖြစ်တဲ့ Dr Climaxလေးကို ခုပဲတင်ဆက်ပေးလိုက်ပါရစေခင်ဗျာ။1970နှောင်းပိုင်းကာလ တစ်နည်းပြောရရင် လူတွေလည်း Sex eduနဲ့ပတ်သက်ရင်ပွင့်လင်းမြင်သာမှုတွေမရှိတဲ့ကာလလေးတစ်ခုမှာ လူတွေက သူတို့ရဲ့sex lifeပြဿနာတွေကိုပေါ်တင်ဖွင့်ဟမတိုင်ပင်ရဲတဲ့အချိန်လေးမှာ ဇာတ်လမ်းတည်ထားတာဖြစ်ပြီးဒီအချိန်မှာ စွန့်စားခန်းဝတ္ထုစာရေးဆရာဖြစ်ချင်တဲ့ အရေပြားနဲ့လိင်ကတစ်ဆင့်ကူးစက်တဲ့ရောဂါ အထူးကုဆရာဝန် ဒေါက်တာနက်တစ်ယောက်ဒေါက်တာကျော်ကြီးဆိုတဲ့ကလောင်နာမည်နဲ့ sex eduကိုပါးပါးလေးပုတ်တဲ့ဆောင်းပါးတွေရေးတဲ့ ကလောင်ရှင်လုပ်ဖို့ ဆုံးဖြတ်လိုက်တဲ့အခါ….Sex eduဆိုတာကို လက်မခံသေးတဲ့ကာလက ရှေးရိုးစွဲလူတွေနဲ့တစ်ဖက်က တိုင်ပင်ဖော် ရင်ဖွင့်ဖော်ရသွားလို့ အားကိုးချင်တဲ့လူတွေအကြာဒေါက်တာနက်နဲ့သူ့ရဲ့အလွဲလေးတွေကို စိတ်ဝင်တစားရှုစားရမှာဖြစ်လို့ ခုပဲကြည့်ရှုစားလိုက်ရအောင်ပါ။(Sex educationဆိုတော့ အတန်ငယ်ကြမ်းတဲ့စကားလုံးလေးတွေဖောဖောသီသီပါဝင်မှာဖြစ်လို့ လူများများနဲ့ ၁၈ ယောက်စုကြည့်ဖို့တော့ အကြံပြုလိုက်ပါတယ်။)