ပွဲဦးထွက်ခွင့်ရဖို့အတွက် ယောင်္ကျားလေး ၂၃ယောက်က ပြိုင်ပွဲဝင်ခဲ့ကြပါတယ်။အခု ၄နှစ်ကြာပြီးချိန် ၂၀၂၄ခုနှစ်မှာတော့ မိန်းကလေးတွေရဲ့ အလှည့်ပဲ ဖြစ်ပါတယ်။ဒီထဲက နောက်ဆုံးရွေးချယ်ခံရတဲ့ ၇ ယောက်သာ ပွဲဦးထွက်ခွင့်ရမှာဖြစ်ပါတယ်။I-Land N/α လို့ခေါ်ဆိုကြတဲ့ I-Land 2 ဟာ Mnet ကနေ ဦးဆောင်ကျင်းပတာဖြစ်ပြီးပရိုဂျူဆာတွေအဖြစ် TEDDY, BIGNABG Taeyang , 24 , VVN , Monika နဲ့ Lee Jung တို့ပါဝင်ထားပြီး Storyteller အဖြစ် Song Kang ကလည်း ပါဝင်အားဖြည့်ပေးထားပါသေးတယ်။I-Land မှာ ကျန်ခဲ့ရမယ့် သူတွေကို trainee အချင်းချင်းနဲ့ ပရိုဂျူဆာတွေက vote ပေးနိုင်တဲ့အပြင်ပရိတ်သတ်ကလည်း Vote ပေးလို့ရဦးမှာပဲ ဖြစ်ပါတယ်။နောက်ဆုံးအချိန်ထိ ဘယ်သူတွေကျန်ခဲ့ပြီး Idol အဖြစ် ပွဲဦးထွက်ခွင့်ရမလဲ…ဘယ်သူတွေ ပြိုင်ပွဲကနေထွက်ခွာသွားရမလဲဆိုတာကို အပတ်စဥ် ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ စောင့်မျှော်ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်