စင်ဒရဲလားက မင်းသားလေးနဲ့ လက်ထပ်ပြီးနောက် Happily Ever After ဘဝကို ရသွားတယ်လို့ ဇာတ်လမ်းလေး ရှိသလို မင်းသားလေးက ဖောက်ပြန်လို့ စင်ဒရဲလားက လက်ထပ်ပြီးတာတောင် စိတ်ဆင်းရဲစွာနေထိုင်ရတယ်ဆိုတဲ့ မူကွဲတွေလည်း ရှိပါတယ်။ဒီဇာတ်လမ်းမှာတော့ စင်ဒရဲလားကို သူမရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ မိထွေးနဲ့ အစ်မတွေက အဆုံးစွန်ဆုံး ရိုက်နှက်နှိပ်စက်ကြတဲ့အခါ စင်ဒရဲလားက သည်းမခံတော့ဘဲ သူမရဲ့ Fairy Godmother အကူအညီနဲ့ ကလဲ့စားချေတာကို တွေ့ရမှာပဲ ဖြစ်ပါတယ်။ဇာတ်လမ်းအမျိုးအစားကတော့ Horror/ Fantasy ဖြစ်ပြီး ကလေးငယ်လေးတွေ မကြည့်သင့်တဲ့ စင်ဒရဲလားကားလေးပါ။ အသတ်အဖြတ်ကြမ်းကြမ်း၊ သွေးထွက်သံယိုများများနဲ့ စင်ဒရဲလားတစ်ယောက် အောင်အောင်မြင်မြင်နဲ့ သူမရဲ့ ကလဲ့စားကိုချေနိုင်မှာလား၊ မင်းသားလေးနဲ့ရော ပျော်စရာဇာတ်သိမ်းလေးရပါတော့မလား ဆိုတာ ဆက်လက်ကြည့်ရှုနိုင်ပါတယ်။Netflixမှ ထုတ်လွှင့်သွားမယ့် အချောလေးတွေကိုတစ်စုတစ်စည်းတည်း ကြည့်ရှုလို့ရမယ့် “Hierarchy”ဇာတ်လမ်းတွဲမှာတော့ Crash Course in Romance”မှမင်းသား Lee Chae Min, “18 again “မှ မင်းသမီးလေးRoh Jeong Eui, “Our Blues” မှ မင်းသား Kim Jae Won တို့အပြင်တခြားလူငယ်သရုပ်ဆောင်များစွာ ပါဝင်ထားပါတယ်။ဇာတ်လမ်းအကျဥ်း-ဂျူရှင်းလုပ်ငန်းစုမှ တည်ထောင်ထားတဲ့ ဂျူရှင်းအထက်တန်းကျောင်းဟာတောင်ကိုရီးယားရဲ့ ဂုဏ်သတင်းအကြီးမားဆုံး ကျောင်းတစ်ကျောင်းဖြစ်ပြီးမွေးကင်းစကတည်းက အရွေးချယ်ခံထားရတဲ့ကျောင်းသားတွေသာဒီကျောင်းမှာတက်ရောက်လို့ရတဲ့အထိ ကြီးကျယ်လှပါတယ်။အဲဒီလိုကျောင်းကို ခြယ်လှယ်နေတာတော့ ဂျယ်ယူးလ်လုပ်ငန်းစုရဲ့တစ်ဦးတည်းသောသမီး ဂျွန်ဂျယ်အီ(Roh Jeong Eui),ဂျူရှင်းလုပ်ငန်းစုရဲ့ ဆက်ခံသူ ဂင်ရီအန်း(Kim Jae Won),ယွန်း နိုင်ငံတကာကုန်သွယ်ရေးကုမ္ပဏီရဲ့ အငယ်ဆုံးသမီး ယွန်းဟီရာ (Ji Hye Won),နိုင်ငံရေး အာဏာရှိတဲ့မိသားစုမှ သားလတ် အီဝူဂျင်း(Lee Won Jung)တို့ပဲဖြစ်ပါတယ်။ဒါပေမဲ့ တစ်နေ့မှာတော့ သာမန်ကောင်လေးတစ်ယောက်ဖြစ်တဲ့ဂန်ဟာ(Lee Chae Min)ဟာ ဂျူရှင်းအထက်တန်းကျောင်းကိုကျောင်းပြောင်းလာခဲ့ပါတယ်။သူ့ရဲ့ ဖြူစင်ပြီး အပြစ်ကင်းစင်တဲ့ အပြုံးတွေရဲ့နောက်ကွယ်မှာတော့လျှို့ဝှက်ချက်တွေလည်း ရှိနေသလို သူ့ကြောင့်ပဲ လူချမ်းသာကလေးတွေအချင်းချင်းတောင်ကြီးနိုင်ငယ်ညှင်းလုပ်နေတဲ့စနစ်ကြီးက တဖြည်းဖြည်း ပြိုကွဲစပြုလာပါတယ်။ဒါကြောင့် ဂန်ဟာရဲ့ လျှို့ဝှက်ချက်က ဘာဖြစ်မလဲဆိုတာကိုတော့ Juneလ 7ရက်နေ့မှာ7ပိုင်းလုံး အစအဆုံး ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။