After the Flood FHD

After the Flood

Crime Drama Mystery FHD 2024-01-10 6.8

Peaky Blinders စီးရီးမှာ အေဒါ သွန်းအဖြစ်သရုပ်ဆောင်ခဲ့တဲ့ မင်းသမီး Sophie Rundle ရဲ့ အသစ်ထွက်စုံထောက်စီးရီးအသစ်ကိုတင်ဆက်ပေးလိုက်ပါတယ်မှုခင်းစီးရီးတွေသဘောကျတဲ့လူတွေအကြိုက်တွေ့စေမဲ့ စီးရီးတစ်ခုပါ။ဇာတ်လမ်းအကျဉ်းကတော့ ဂျို မာရှယ် (Sophie Rundle) ကတော့ စုံထောက်သင်တန်းသူဖြစ်ပြီးလက်ရှိမှာတော့ ယော့ရှိုင်းယားက ဝါးတားဆိုက်မြို့မှာ ရဲအရာရှိအနေနဲ့ တာဝန်ထမ်းဆောင်နေတာပါ။တစ်နေ့မှာ မိုးအကြီးအကျယ်ရွာတာကြောင့် ရေကြီးပြီးတော့ မြို့တွင်းက လူတွေအကုန်နေရာရွေ့ပြောင်းလိုက်ရပါတယ်။ ရေကျသွားချိန်မှာတော့ ကားပါကင်တစ်ခုရဲ့ ဓာတ်လှေကားမှာအမျိုးသားအလောင်းတစ်လောင်းတွေလို့အကြောင်းကြားလာတာနဲ့ ဂျိုက အရင်သွားစစ်ဆေးပေမဲ့လည်းအမည်မသိအလောင်းဖြစ်နေပါတယ်။ ရေကြီးနေတဲ့အချိန် ဓာတ်လှေကားထဲကမထွက်နိုင်ပဲရေနစ်သေတာလို့ အစောပိုင်းမှာယူဆထားကြပေမဲ့ ရင်ခွဲစစ်ဆေးအပြီးမှာတော့ရေမကြီးခင်နှစ်ရက်အလိုကတည်းက အသတ်ခံထားရတဲ့အလောင်းဖြစ်နေတဲ့အခါမှာဂျို မာရှယ်တစ်ယောက် တစ်ကိုယ်ထဲစုံစမ်းရင်း နောက်ကွယ်က အရှုပ်တော်ပုံတွေနဲ့တွေ့ဆုံဖြေရှင်းရတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုကြရမှာပါဗျ။

အပိုင်းများ

Season - 1