“မာဟွန်း၊ ဒိုဂျွန်၊ ဂိုယောင်းဆူ”ဆိုတဲ့ မြားနတ်မောင် ၃ယောက်ပါဝင်တဲ့နာမည်ကျော်ကြားတဲ့ အောင်သွယ်တော်အဖွဲ့ဖြစ်ပြီးဖူးစာရှင်တွေနဲ့ ဆုံတွေ့စေသူများပေါ့။“ဂယ်တုံး”ကတော့ ငွေရဖို့ ဘာမဆိုလုပ်တဲ့ ဆင်းရဲသမလေး ဖြစ်ပြီးသူ ဒီလိုမျိုး ငွေကို တစ်ပြားရရ နှစ်ပြားရရရှာနေရတဲ့ အကြောင်းရင်းကလည်း ရှိသေးသကိုး။“ဆူ”ကတော့ ဂယ်တုံးကို လက်ထပ်နိုင်ဖို့ ကြိုးစားနေတဲ့ ပန်းပဲသမားလေးပါ။ဂျိုဆွန်းခေတ်ကို ဇာတ်အိမ်တည်ထားတာဆိုတော့နန်းတွင်း အရှုပ်တော်ပုံတွေကလည်း မပါမဖြစ်ပေါ့လေ။မင်းကြီး နတ်ရွာစံသွားတဲ့ အပြင် အိမ်ရှေ့စံကပါ လုပ်ကြံခံလိုက်ရတဲ့ အခါရာဇပလ္လင်ဟာ ပိုင်ရှင်မဲ့သွားခဲ့ပါတယ်။ပိုင်ရှင်မဲ့နေတဲ့ ပလ္လင်ပေါ်ကို ရောက်ရှိလာမဲ့သူကဘယ်သူဖြစ်မလဲဆိုတာနဲ့အတူ မထင်မှတ်ထားတဲ့ အပြောင်းအလဲတွေ ဖြစ်ပေါ်လာမှာပါ။အဲဒီပြောင်းလဲမှုတွေက သူတို့၅ယောက်နဲ့ ဘယ်လိုပတ်သတ်ဆက်နွယ်နေမလဲ။ဒီပြောင်းလဲမှုတွေကို သူတို့အားလုံး ဘယ်လိုကြိုးစားအားထုတ်သွားမလဲဆိုတာကိုရသစုံလင်စွာ ကြည်ရှူခံစားရမှာဖြစ်ပါတယ်။Cast တွေအားလုံးကလည်း ပရိသတ်တွေနဲ့ ရင်းနှီးပြီးသားပါ။Dali & Cocky Prince ထဲက Kim Min Jae၊The First Responders ထဲက Gong Seung Yeon၊Lovely Runner ထဲက Byeong Woo Seok၊လောလောလတ်လတ်ထွက်ရှိထားတဲ့ Begins Youthထဲက Seo Ji Hoon၊Weak Hero Classထဲက Park Ji Hoonနဲ့Waikikiထဲက နှုတ်ခမ်းမွှေးမမ Go Won Hee တို့ပဲဖြစ်ပါတယ်။“ပန်းဖူးစာအဖွဲ့”ဟာ ဂျိုဆွန်းပြည်မှာ