LAST ဆိုတဲ့ Webcomic လေးကို series အဖြစ် ပြန်လည်ရိုက်ကူးထားတာပါဒီဇာတ်လမ်းမှာတော့ The Outlaws ထဲက မင်းသားကြီး Yoon Kye-Sang အပါအဝင် အခြားနာမည်ကြီး မင်းသားကြီးတွေဖြစ်တဲ့Lee Beom-Soo, Park Won-Sang တို့နဲ့အတူ မင်းသမီး Seo Yea-Ji နဲ့ Park Ye-Jin တို့ အဓိကပါဝင်ထားပါတယ်ဆိုးလ်ဘူတာရုံမှာ နေထိုင်ကြတဲ့ အိမ်ခြေယာမဲ့တွေနဲ့ လူမိုက်တွေအကြောင်းကို ပုံဖော်ထားတဲ့ဇာတ်လမ်းလေးဖြစ်ပါတယ်Action ခန်းတွေလည်း အများကြီးပါဝင်တာမို့ Action ကြိုက်တဲ့ ပရိသတ်တွေ သဘောကျလောက်မဲ့ ဇာတ်လမ်းလေးတစ်ခုပါဇာတ်လမ်းအကျဉ်းစတော့ရှယ်ယာနဲ့ပတ်သက်တဲ့ အလုပ်တွေမှာ အလိမ်ခံရလို အကြွေးတင်ပြီး ထွက်ပြေးနေရတဲ့ ဂျန်ထယ်ဟိုကတစ်ရက်မှာတော့ ဆိုးလ်ဘူတာက အိမ်ခြေယာမဲ့တွေ နေတဲ့နေရာကို ရောက်လာခဲ့ပါတယ်သူ့ရဲ့ နဂိုဘဝကို ပြန်ရောက်ဖို့အတွက် ကြိုးစားရင်း ဆိုးလ်ဘူတာက လူမိုက်တွေနဲ့ ပေါင်းမိသွားတဲ့ခါ…ဘယ်လိုတွေဆက်ဖြစ်ကြမလဲ ရက်စက်တဲ့ လူမိုက်အသိုင်းအဝိုင်းကြားမှာ နောက်ဆုံး ဘယ်သူတွေရှင်သန်ကျန်ရစ်ခဲ့မလဲဆိုတာဒီဇာတ်လမ်းမှာ ဆက်လက်ကြည့်ရှုကြပါဦး