ဒီကားလေးကတော့ နာမည်ကြီး BL Novel ရဲ့ ကျောရိုးကိုယူပြီးဒရာမာအဖြစ် ပြန်လည်အသက်အသွင်းထားတဲ့ ကားလေးပဲဖြစ်ပါတယ်။All of Us Are Dead ထဲက မင်းသား Yoon Chan-Young နဲ့Golden Child အဖွဲ့မှ Bong Jae-Hyun တို့ကအဓိကပါဝင်သရုပ်ဆောင်ထားပြီး မင်းသားကြီး Lee Seo-Jin ကcameo ဝင်အားဖြည့်ပေးထားပါတယ်ဇာတ်လမ်းအညွှန်း-အသက် ၄၇ နှစ်ရှိပြီဖြစ်တဲ့ ဂန်းစတား Kim Deuk Pal (Lee Seo-Jin) ဟာငယ်ငယ်က တက္ကသိုလ်ကို တက်ချင်တဲ့လူငယ်လေးတစ်ယောက်ဖြစ်ခဲ့ပေမဲ့ချို့တဲ့တဲ့မိဘတွေကြောင့် ကျောင်းစာကောင်းကောင်း မသင်ခဲ့ရသူဖြစ်ပါတယ် ။တစ်နေ့မှာတော့ Song Yi-Heon (Yoon Chan-Young) ဆိုတဲ့အထက်တန်းကျောင်းသားလေးတစ်ယောက်က အဆောက်အအုံပေါ်ကနေခုန်ချ အဆုံးစီရင်ဖို့လုပ်နေတာကို တွေ့ပြီး ဝင်တားရာကနေKim Deuk Pal ရဲ့ဝိဉာဉ်ဟာ အထက်တန်းကျောင်းသားလေးရဲ့ကိုယ်ထဲရောက်သွားပါတော့တယ် ။အနိုင်ကျင့်ခံရတဲ့ အထက်တန်းကျောင်းသားလေးရဲ့ အကြောင်းကိုသိသွားတဲ့Kim Deuk Pal ဟာ အနိုင်ကျင့်ခဲ့တဲ့ သူတွေကိုအပြစ်ပေးဖို့ ဆုံးဖြတ်လိုက်ပြီးနောကစံပြကျောင်းသားဖြစ်ပေမဲ့ အိမ်တွင်းအကြမ်းဖက်မှုခံနေရတဲ့ Choi Se-Kyung(Bong Jae-Hyun) နဲ့ ရင်းနှီးလာပါတော့တယ်။၁၉ နှစ်အရွယ် ကျောင်းသားလေးရဲ့ ကိုယ်ထဲက ၄၇ နှစ်အရွယ်ဂန်းစတားတစ်ယောက်က အနိုင်ကျင့်တဲ့ကျောင်းသားတွေကို ဘယ်လို ပညာပြန်ပေးမလဲ။သူငယ်ချင်းကိုလည်း အကြမ်းဖက်မှုကလွတ်အောင် ဘယ်လိုကူညီပေးသွားမလဲဆိုတာကိုအတူကြည့်ရှုလိုက်ကြရအောင်နော်။