လီဝမ်ရှိုးလို့ခေါ်တဲ့ တရုတ်ဟန်မျိုးနွယ် မိန်းကလေးတစ်ယောက်ဟာAltayက မြို့လေးကနေ မြို့ကြီးပေါ်တက်ပြီး ဘဝကို ရုန်းကန်ကြိုးစားနေသူတစ်ယောက်ပေါ့…အလုပ်တွေတစ်ခုပြီးတစ်ခု အဆင်မပြေလိုက် ပြောင်းလိုက်၊မပြေလည်လိုက် ပြောင်းနဲ့ ဘဝဆိုတဲ့ စကားလုံး ၂ လုံးအောက်မှာ ပြားပြားဝပ်ခံနေရသူ တစ်ယောက်ပေါ့…ဒီလိုနဲ့ သူ့မြို့လေးက သူ့အမေရဲ့ ကုန်စုံဆိုင်လေးဆီ အလည်ပြန်တဲ့အချိန်မှာပဲသူရှာနေတဲ့ ဘဝနဲ့ မတူညီတဲ့ Kazakh လူမျိုးကောင်လေး ပါထိုက်နဲ့ ဆုံတွေ့ခဲ့ပါတော့တယ်…“ပါးထိုက်က ဘယ်လိုလူမျိုးလဲဆိုရင် မြင်းတစ်ကောင်လို ကြီးမားပြီးလယ်ကွင်းပြင်မှာ ထီးထီးမားမားရပ်နေတာ လုံးဝရှင်ဘုရင်တစ်ပါးလိုပဲ”ပါးထိုက်က ဝမ်ရိုးအတွက်တော့ ဒီရွာလေးကို တစ်ခဏတိုက်သွားတဲ့ လေပြေလေးလိုပဲ အေးချမ်းမှုပေးနိုင်သလို ဖမ်းဆုပ်ခွင့်မရှိတဲ့ သူတစ်ယောက်လိုမျိုးပေါ့”ဒီလိုနဲ့ နွေရာသီမှာ ပါးထိုက်ကြောင့် အချစ်ကို ထိတွေ့ခွင့်ရလိုက်တဲ့ ဝမ်ရှိုးတစ်ယောက်ပါထိုက်ကို ချစ်တဲ့အချစ်တွေကြောင့် သူ့ဘဝ ဘယ်လိုပြောင်းလဲသွားမှာလဲ…ဝတ္ထုမဆန်တဲ့ ဘဝထဲကို ဝတ္ထုဆန်တဲ့ အချစ်တစ်ခုဝင်ရောက်လာပြီးနောက်သူတို့ ၂ ဦး ဘဝ ဘယ်လိုအပြောင်းအလဲနဲ့ ရင်ဆိုင်ရမယ်ဆိုတာဇာတ်လမ်းလေးကို ကြည့်ရင်း သိရှိလာမှာမို့ ဘဝအမောပြေ ကြည့်ဖြစ်အောင် ကြည့်ကြည့်ဖို့ ပြောချင်ပါတယ်…