Adrishyam – The Invisible Heroesअद्रिश्यम - अदृश्य नायक FHD

Adrishyam – The Invisible Heroesअद्रिश्यम - अदृश्य नायक

Crime Drama FHD 2024-04-11 8.3

ထိပ်တန်းအိန္ဒိယရုပ်သံဇာတ်လမ်းတွဲမင်းသမီး ဒေ့ဗ်ယန်ကာတရီပတီ၊ ရုပ်ကြမ်းသလောက် သရုပ်ဆောင်ပီပြင်လွန်းလှတဲ့မင်းသားကြီး အီဂျက်ဇ်ခန်းတို့နှစ်ယောက် အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်လမ်းတွဲ။အပိုင်း၁၄ပိုင်းနဲ့ Sony LIVကနေ ထုတ်လွှင့်ခဲ့တဲ့အပြင် YouTubeပေါ်မှာပါ အခမဲ့ကြည့်လို့ရအောင် ထုတ်လွှင့်ခဲ့တဲ့အမိုက်စားဝက်ဘ်စီးရီးတစ်ခု။ရာဗီနဲ့ ပါဗာတီတို့က ဒီဇာတ်လမ်းတွဲရဲ့အဓိကဇာတ်ကောင်နှစ်ဦး။အိန္ဒိယမိုးလေဝသဌာနမှာ အလုပ်လုပ်နေပါတယ်ဆိုပြီး သူတို့ချစ်ခင်ရင်းနှီးရတဲ့သူတွေကစလို့ပတ်ဝန်းကျင်အသိုင်းအဝိုင်းတစ်ခုလုံးကို အသိပေးထားကြသူတွေ။သူတို့ရဲ့ တကယ်တမ်းအလုပ်က အကြမ်းဖက်လုပ်ရပ်တွေနဲ့တိုင်းပြည်ကိုဖျက်ဆီးကြတဲ့ ဆိုးရွားလှတဲ့အကြမ်းဖက်သမားတွေကိုတားဆီးနှိမ်နှင်းကြရတဲ့ ထောက်လှမ်းရေးအေးဂျင့်တွေ။မိသားစုကိုယ်စီနဲ့ ဘ၀နှစ်ခုကိုချိန်ညှိရင်း အဆင်ပြေအောင်ရှင်သန်နေကြရသူတွေ။သူတို့တွေ အကြမ်းဖက်လုပ်ရပ်တွေကို ကာကွယ်တားဆီးရင်းသူတို့ဘ၀ထဲကလူတွေနဲ့ အဆင်ပြေဖို့ချိန်ညှိနေထိုင်ကြရပုံတွေကိုမျက်တောင်မခတ်စတမ်း ခံစားကြည့်ရှုကြရမှာပါ။