Crushed FHD

Crushed

Comedy Drama FHD 2022-01-12 7

သောရ်မင်းသားကြီးရဲ့ Extraction 1,2မှာ အိုဗီမဟာဂျန်နေရာကပါခဲ့တဲ့အိန္ဒိယလူငယ်မင်းသား Rudhraksh Jaiswalခေါင်းဆောင်ပါဝင်ထားတဲ့ကျောင်းသားစီးရီးလေးကို တင်ဆက်ပေးလိုက်ပါတယ်။Amazonကနေ ၂၀၂၂ကနေ အခု၂၀၂၄ထိထုတ်လွှင့်ခဲ့တဲ့ ဒီစီးရီးမှာအပိုင်း၂၄ပိုင်းပါဝင်တာမို့ တ၀ကြီးကြည့်ရမှာပါ။ဖာသာတစ်ယောက် တည်ထောင်ထားတဲ့ကျောင်းမှာအထက်တန်းကျောင်းသားကျောင်းသူတွေကြားကပညာရေးပြိုင်ဆိုင်ကြတာနဲ့ အချစ်ဇာတ်လမ်းလေးဖြစ်တည်လာပုံကိလူငယ်ဆန်ဆန် သဘာ၀ကျကျနဲ့တင်ဆက်ပေးထားပါတယ်။ဆမ်ဗစ်ဒန်ဆိုတာ ဆရာတွေသဘောကျ စာတော်တဲ့ကျောင်းသားထဲမှာမပါဘူး။နောက်ဆုံးတန်းမှာထိုင်တတ်တဲ့ ခပ်ဆိုးဆိုးကျောင်းသားတွေထဲမှာလည်းမပါဘူး။ဒီတိုင်းလူမသိသူမသိနဲ့ ခပ်ကုတ်ကုတ်နေတတ်တဲ့ကျောင်းသားတစ်ယောက်။ဒါပေမဲ့သူကြိတ်ကြွေမိနေတာကကျ ကျောင်းမှာအလှဆုံးလို့သတ်မှတ်ထားတဲ့ ကျောင်းသူလေးတစ်ယောက်ကို။ကြိတ်ကြွေရတဲ့ကောင်မလေး သဘောကျဖို့အရေး ဆမ်ဗစ်ဒန်တစ်ယောက်သူငယ်ချင်းဖြစ်သူအကူအညီနဲ့ ဘယ်လိုတွေအကွက်ရွှေ့မလဲဆိုတာ ခံစားကြည့်ရှုကြပါဦး။