ဒီဇာတ်လမ်းမှာတော့ အိမ်ထောင်မပြုချင်တဲ့ ကောင်လေးနဲ့ ကောင်မလေးတို့ရဲ့ မိဘတွေကအိမ်ထောင်ပြုဖို့ နားပူနားဆာလုပ်လွန်းလို့ အိမ်ထောင်ပြုဖို့ ဆုံးဖြတ်လိုက်ရာကနေချစ်မိသွားကြတဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ်။အိမ်ထောင်ရေးကို စိတ်မဝင်စားလို့ အေးရာအေးကြောင်းနေနေတဲ့ ဗာဆူဆိုတဲ့ကောင်လေးနဲ့ ဗီဒယာဆိုတဲ့ကောင်မလေးတို့ဟာ မိဘတွေရဲ့ ဇွတ်အတင်းတိုက်တွန်းမှုကြောင့် အိမ်ထောင်ပြုဖို့အတွက် ဖြစ်လာပါတော့တယ်။မယ်သီတာဟာ အိမ်ထောင်ဖက်ရှာဖို့အတွက် လေးတင်ရွေးချယ်သလိုမျိုးပဲ ဗီဒယာဆိုတဲ့ကောင်မလေးဟာလည်းအိမ်ထောင်ဖက်ကို သေချာရွေးချယ်ဖို့ ဖောင်ဖြည့်ခိုင်းပြီး ရွေးချယ်ပါတော့တယ်။ဒီလိုနဲ့ သူလိုချင်တဲ့အချက်နဲ့ကိုက်ညီတဲ့ ဗာဆူ့ကို ရွေးချယ်လိုက်ပြီးတဲ့နောက်မှာတော့သူတို့ရဲ့ အချစ်ဇာတ်လမ်းလေးဟာ စတင်လို့လာခဲ့ပါတယ်။ သို့ပေမယ့်လည်းအတ္တတွေကို ရှေ့တန်းတင်နေကြတဲ့ သူတို့နှစ်ယောက်ဟာ ရှေ့ဆက်ပြီးတော့ ဖြစ်နိုင်ပါ့မလား …..သူတို့ရဲ့ အချစ်ဇာတ်လမ်းလေးကို ဘယ်လို တည်မြဲအောင် ညှိနှိုင်းကြမလဲ ……သူတို့ရဲ့ အချစ်ဇာတ်လမ်းလေးဟာ ဘယ်လိုတွေရိုဆန်ပြီးတော့ ဘယ်လိုတွေချစ်စရာကောင်းနေမလဲ ဆိုတာကို ကြည့်ရှုရမှာပဲဖြစ်ပါတယ်။