မမ Yangmi ရဲ့ စိတ်ဝင်စားစရာကောင်းတဲ့ Comedy Suspenseရှပ်ရှင်ဇာတ်ကားလေးတင်ပေးလိုက်ပါပြီ။တစ်ယောက်နဲ့တစ်ယောက်လုံးဝမသိတဲ့ လူစိမ်း(၄)ယောက်ဟာလာဘ်စားတဲ့အရာရှိတစ်ယောက်ရဲ့အိမ်မှာ လာဘ်စားထားတဲ့ပိုက်ဆံတွေဖွက်ထားတဲ့နေရာသိသွားပြီးတော့ သွားခိုးလာခဲ့ကြတယ်။ခရီးဆောင်သေတ္တာတစ်လုံးအပြည့်ပိုက်ဆံတွေရလာတဲ့အတွက် အရမ်းပျော်ပြီးပိုက်ဆံခွဲဖို့ကြံနေကြတဲ့အချိန်မှာ အဖွဲ့သားတစ်ယောက်ယူလာတဲ့နောက်ထပ်သေတ္တာတစ်လုံးထဲမှာ အလောင်းတစ်လောင်းပါလာတဲ့အခါအားလုံးဟာဘယ်လိုလုပ်ရမှန်းမသိ ပြာယာခတ်သွားကြတယ်။(ဟော့ပေါ့တစ်အိုးနဲ့ပြဿနာအားလုံးကိုဖြေရှင်းလို့ရတယ်)ဆိုတဲ့ရုပ်ရှင်နာမည်အတိုင်း (၄)ယောက်သား ဟော့ပေါ့ဝိုင်းမှာထိုင်ပြီးတော့ဒီအလောင်းကိုဘယ်လိုလုပ်ကြမလဲဆိုတာ အကြီးအကျယ်ဆွေးနွေးကြတော့တာပေါ့။ဆူပွက်နေတဲ့ဟော့ပေါ့အိုးနဲ့အတူ သူတို့ရဲ့လောဘတွေနဲ့အလိမ်အညာတွေဟာတဖြည်းဖြည်းပေါ်လာခဲ့တယ်။သူတို့(၄)ယောက်ရဲ့ တကယ်သရုပ်မှန်တွေကဘယ်သူတွေဖြစ်နေပြီးတော့အမှန်တရားကဘယ်လိုဖြစ်မလဲဆိုတာ ဆက်ပြီးကြည့်လိုက်ပါနော်။