Taken 3 HD

Taken 3

Action Thriller HD 2014-12-16 6.25 109 Min

aken trilogy ရဲ့ ၂၀၁၄ ခုနှစ်ထွက် နောက်ဆုံးကားဖြစ်ပါတယ်။Liam Neeson နှင့် သူ၏စွန့်စားခန်းများ Taken အပိုင်း ၃ ပေါ့လေ။သမီးဖြစ်သူ ကင်မ်အပေါ် အသည်းအသန် ဂရုစိုက်ပေးနေတဲ့ ဘရိုင်ယန်တစ်ယောက်ဖခင်တစ်ယောက်ရဲ့ တာဝန်ကို အပြည့်အဝ ကျေပွန်အောင် ကြိုးစားနေတုန်းမမျှော်လင့်ထားတဲ့ အဖြစ်ဆိုးတစ်ခုနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ အဲဒါကတော့ သူ မသတ်ဘဲလူသတ်သမားအဖြစ် ထောင်ချောက်ဆင် အစွပ်စွဲခံလိုက်ရတာပါပဲ။ရဲတွေကလည်း သူ့နောက်ကို လိုက်နေပြီး စုံစမ်းရေးမှူးခေါင်းဆောင်က အရည်အချင်းရှိတဲ့သူတစ်ယောက်ဖြစ်နေခဲ့တာမို့ ဘရိုင်ယန်တစ်ယောက် ရဲလက်က လွတ်အောင်ပြေးရတာတစ်မျိုး၊သူ့ကို ချောက်ချတဲ့ရန်သူကို စုံစမ်းရတာတစ်ဖုံနဲ့ ဗျာများပြီး ခရီးမတွင် ဖြစ်နေခဲ့ရပါတော့တယ်။သို့ပေမယ့်လည်း ဘယ်၊ ညာ အစုံ အန္တရာယ်တွေကြားထဲကဘရိုင်ယန်တစ်ယောက် ဘယ်လိုရုန်းထွက်မလဲဆိုတာကိုတော့ ထုံးစံအတိုင်းရင်တဖိုဖိုနဲ့ စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမှာပါ။