နိုင်ငံခြားကိုပဲ အထင်ကြီးပြီး နိုင်ငံခြားမှာပဲ အနေများတဲ့မိသားစုတစ်စုအတွင်းကမာရင်ဆိုတဲ့ကောင်မလေးကို သောမတ်စ်လို့ခေါ်တဲ့ကောင်လေးနဲ့ ထိမ်းမြားလက်ထပ်ပေးဖို့လုပ်ရင်းနဲ့ကမ္ဘာ့ဆင်ဦးရေအများဆုံး ဇင်ဘာဘွေကို ရောက်ရှိလို့လာပါတယ်။ မာရင်ဟာ အိမ်ထောင်မပြုချင်ပေမယ့်လည်းသူတို့ အမဲလိုက်ထွက်တဲ့တောထဲမှာ နတ်ဆိုးတောင်ကုန်းဆိုတာရှိပါတယ်။ အဲဒီနတ်ဆိုးတောင်ကုန်းဟာဘာအကြောင်းကြောင့်မှန်းတော့ မသိ အလုပ်သမားတွေဟာ ဒီနေရာကို ရှောင်ကြပါတယ်။ဒီလိုနဲ့ အဲဒီနတ်ဆိုးတောင်ကုန်းပေါ်ကို တောင်တက်ခရီးကြမ်းနှင်ဖို့ ဘေဆယ်တို့ စီစဉ်ကြတဲ့အခါမှာတော့ ……ဘိုးဘွားစဉ်ဆက် နှောင်ကြိုးတွယ်နေတဲ့ ဓလေ့ထုံးတမ်းကို စိန်ခေါ်မိသလိုဖြစ်သွားရာကနေ သူတို့ ဘယ်လိုတွေဆက်ဖြစ်ကြမလဲ …..အိမ်ထောင်မပြုချင်ဘဲ အလုပ်နဲ့အကိုင်နဲ့ ကိုယ့်အားကိုယ်ကြိုးစားချင်တဲ့ မာရင်လေးရဲ့ အိမ်ထောင်ရေးကိစ္စဟာရောဘယ်လိုတွေ ဖြစ်လာမလဲ … ဆိုတာတွေကို ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။မိဘတွေရဲ့အလိုကျ ပြန်မပြောနိုင်ဘဲ မင်္ဂလာပွဲကိုလက်ခံလိုက်ရတော့တာပေါ့။ ဘုရားကျောင်းမှာ မင်္ဂလာပွဲပြီးတဲ့နောက်အမျိုးတွေစုံကြရာကနေ တောထဲကို အမဲလိုက်ထွက်ဖို့ ပြင်ကြပါတော့တယ်။