ဒီတစ်ခါမှာတော့ မှုခင်းဇာတ်ကားကောင်းကောင်းကြည့်ချင်နေကြတဲ့ပရိတ်သတ်ကြီးအတွက် The Victim ဆိုတဲ့မှုခင်းဇာတ်ကားကောင်းလေးကို CM ကနေတင်ဆက်ပေးလိုက်ပါတယ် ။ဇာတ်လမ်းအညွှန်းလေးအနေနဲ့ –ဟွမ်ချွဲ့ဗီလာစားသောက်ဆိုင်မှာ အားလုံးဘောလုံးပွဲကြည့်နေကြတုန်းမှာဆိုင်ရှေ့မှာရပ်ထားတဲ့ကားက alarm မြည်တာမလို့မန်နေဂျာမာဆိုတဲ့သူကသွားကြည့်ခဲ့ပါတယ် ။အဲဒီအချက်ပေးသံထမြည်တဲ့ကားထဲမှာ အမျိုးသမီးတစ်ယောက်သေနေရာကနေ ဒီဇာတ်လမ်းလေးစခဲ့ပါတယ် ။မန်နေဂျာမာရဲတိုင်ပြီးပြီးချင်းမှာ ရဲတွေရောက်လာပြီး စစ်ဆေးကြရာမှာသေဆုံးသူက ကာရာအိုကေဆိုင်က ကွမ်းရှို့ယင်းဆိုတဲ့အမျိုးသမီးဖြစ်ပြီးသေဆုံးပုံကလည်း လည်ပင်းအညှစ်ခံထားရတဲ့အပြင် ဓားနဲ့ပါအထိုးခံထားရပါတယ် ။အဲဒီထူးဆန်းတဲ့လူသတ်မှုကို ရဲတွေစုံစမ်းဖို့လုပ်ပေမဲ့ဟွမ်ချွဲ့ဗီလာက CCTV မရှိတဲ့အပြင်လူသွားလူလာပြတ်တဲ့နေရာဖြစ်နေချိန်မှာတော့…ကွမ်းရှို့ယွမ်ကိုသတ်တဲ့သူကဘယ်သူဖြစ်မလဲ ? ရဲတွေသံသယရှိနေတဲ့သူနဲ့တကယ့်တရားခံအစစ်ကရောတူညီနိုင်ပါ့မလား ? ဆိုတာကိုဇာတ်လမ်းထဲမှာ အလှည့်အပြောင်းများစွာနဲ့စိတ်ဝင်စွားဖွယ်ကြည့်ရှုရမှာဖြစ်လို့ အဆုံးထိကြည့်ရှုကြဖို့တိုက်တွန်းလိုက်ပါရစေ