The Prince & Me HD

The Prince & Me

Comedy Romance HD 2004-03-28 6.186 111 Min

တော်ဝင်မင်းသားလေးတစ်ပါးနဲ့ သာမန်ကျောင်းသူလေးတစ်ယောက်တို့ရဲ့ တက္ကသိုလ်နေ့စွဲများအကြောင်းကိုအခြေခံလို့ ချစ်ခြင်းမေတ္တာဖွဲ့ ရုပ်ရှင်ကားအဖြစ် The Prince & Me (2004) ဇာတ်ကားလေးကို လူသိများကြပါတယ်။အမေရိကန်မင်းသမီးချော Julia Stiles က ဇာတ်ကားရဲ့အသက်ဖြစ်တဲ့ သာမန်ကျောင်းသူလေး မော်ဂန်ပေ့ချ်အဖြစ်သရုပ်ဆောင်ထားပြီးဒိန်းမတ်တော်ဝင်မင်းသားအဖြစ် Luke Mably တို့မှ အဓိကပါဝင်သရုပ်ဆောင်ထားကြပါတယ်။တော်ဝင် ဓလေ့ထုံးတမ်း အလေ့အကျင့်တွေနဲ့ သာမန်နေထိုင်မှုပုံစံ ကွာခြားပြီး မတူညီတဲ့ဘဝနှစ်ခုက လူငယ်နှစ်ဦး တွေ့ဆုံကြရာမှာ ဖြစ်တတ်တဲ့လောက သဘာဝတွေကို မြင်တွေ့ရမှာပါ။Family,Comedy,Romance အမျိုးအစားရုပ်ရှင်ဖြစ်တာနဲ့အညီ ကြည်ကြည်နူးနူးလိုက်ပါရယ်မောရမယ့်ဇာတ်ကားလေးဖြစ်ပါတယ်။