John Rambo တစ်ယောက် သူလုပ်ခဲ့တဲ့ကိစ္စတွေကြောင့်အပြစ်ပေးခံနေရစဉ်မှာအဖေလိုအားကိုးရတဲ့ သူ့ရဲ့အထက်အရာရှိဟောင်း Colonel Trautman ကလျှို့ဝှက်စစ်ဆင်ရေးတစ်ခုကို လုပ်ပေးဖို့ကမ်းလှမ်းပါတယ်။ဗီယက်နမ်ကိုပြန်သွားပြီး စစ်သုံ့ပန်းတွေကိုဖမ်းထားမထား စုံစမ်းခိုင်းလိုက်တာပါ။သတင်းပို့ပေးဖို့ပဲ တာဝန်ရှိပေမယ့် Rambo က သုံ့ပန်းတွေထဲကတစ်ယောက်ကိုကယ်လာခဲ့ပါတယ်။အဲဒီအချိန်မှာ စစ်ဆင်ရေးခေါင်းဆောင်ဖြစ်တဲ့ Mardock ကသစ္စာဖောက်လိုက်လို့ အဖမ်းခံရသွားပါတယ်။အဖမ်းခံရတဲ့ထဲက လွတ်အောင်ဘယ်လိုလုပ်လဲ …ဘယ်လိုပြန်သွားနိုင်မလဲ …သုံ့ပန်းတွေကိုကယ်နိုင်ပါမလားဆိုတာတော့ ကြည့်လိုက်ကြပါတော့…