ဟက်ကာတစ်ယောက်၊ မရိန်းတပ်ထွက်တစ်ယောက်၊ ဆေးတပ်သားဟောင်းတစ်ယောက်၊ စုံထောက်ဟောင်းတစ်ယောက်၊ ကားသမားတစ်ယောက်ဟာ အိမ်ကြီးတစ်လုံးထဲက ၁၂ သမီးလေးတစ်ယောက်ကို ပြန်ပေးဆွဲလာဖို့ အလုပ်အပ်ခံရလို့ စုပေါင်းပြီး ပြန်ပေးဆွဲလာကြပါတယ်။ဆွဲပြီးတော့ ကလေးအဖေဆီက သန်း ၅၀ တောင်းဖို့ အိမ်ကြီးတစ်လုံးထဲမှာ ကလေးကို တစ်ရက်ပိတ်ထားပြီး စောင့်ကြည့်နေကြရတယ်။ဒါပေမဲ့ အိမ်ကြီးထဲမှာပဲ ကြောက်စရာတွေဖြစ်လာတဲ့အချိန်၊ ကလေးအဖေ ဘယ်သူလဲဆိုတာ သိလာရသလို ကလေးက ဘယ်သူလဲဆိုတာလည်း သိလာပြီး မုဆိုးဘဝကနေ သားကောင်ဘဝရောက်ကုန်ပါတော့တယ်။ ဒီအဖွဲ့ထဲက ဘယ်နှယောက်မာလကီးယားပြီး ဘယ်နှယောက်နောက်တစ်ကားရိုက်ဖို့လွတ်လာမလဲ ကြည့်ရမှာပါပဲ။