Firefly HD

Firefly

Fantasy HD 2023-12-25 8 105 Min

Firefly က ဖိလစ်ပိုင် က ရိုက်တဲ့ကားဆိုပေမဲ့ ပုံမှန်မြင်နေကျ ဖိလစ်ပိုင်ကားတွေနဲ့ တော်တော်လေး ကွဲထွက်တယ်လို့ပြောရမယ်။ဇာတ်အမျိုအစားကလည်း Fantasy , Drama အမျိုးအစား။ဒီအမျိုးအစားကိုလည်း ဖိလစ်ပိုင်ကားကောင်းတွေထဲ သိပ်တော့မတွေ့ရတတ်ဘူး။ဒီဇာတ်က ပုံပြင်တွေနဲ့ လက်တွေ့ဘဝကို ချိတ်ထားတဲ့ဇာတ်မျိုးပဲ။ဒါမျိုးကို ကျွန်တော်တို့ ဟောလိဝုဒ်ကားတွေမှာတော့ ပမာဏတစ်ခုအထိတော့ မြင်တွေ့ခဲ့ရပြီးပြီ။ဒီလိုကားအကုန်နီးပါးလည်း ကောင်းကြတယ်။ဥပမာဆို Bigfishတို့ The Imaginarium of Doctor Parnassusတို့ A Monster Callsတို့လိုပေါ့။ဒီကားက A Monster Callsနဲ့တော့ ပိုဆင်မယ်။ဒီကားတွေရဲ့တန်းနဲ့တော့ သွားယှဉ်မရပေမဲ့ ဒီကားတွေရဲ့ အငွေ့အသက်မျိုးကို အာရှကားအငွေ့အသက်နဲ့ပါ ပေါင်းကြည့်ရတာတော့ တစ်မျိုးထူးတယ်။နောက် သူက သူ့ဖိလစ်ပိုင် အငွေ့အသက်ကိုလည်း မဖျက်ထားဘူး။ ဘိုကားတော့မဆန်သွားဘူး။အားနည်းချက်ကတော့ ဇာတ်လမ်းဟာ အီမိုရှင်နယ်ကိုတော့ ထိခတ်အောင်လုပ်နိုင်ပေမဲ့သူ့ဇာတ်မှာ သူ့ဇာတ်ကောင်ရဲ့ ဆန့်ကျင်ဘက်မှာနေပြီး သူ့ဇာတ်ကောင်ကို ပိုအားကောင်းလာအောင်လုပ်ပေးနိုင်မယ့်အရာမျိုးကထည့်တော့ထည့်ထားပေမဲ့ အားမပါလှတာမို့ မပါသလိုဖြစ်နေတော့ ဇာတ်ကောင်ရဲ့ သူ့ဇာတ်လမ်းကိုပြောပြခြင်းဟာ စိတ်ဝင်စားစရာကောင်းပေမဲ့ ရိုးစင်းနေခြင်းပါပဲ။ဒါပေမဲ့ ဖိလစ်ပိုင်ရုပ်ရှင်တွေရဲ့ တန်းနဲ့ပဲ ပြန်ချိန်ညှိရင်တော့ Firefly ဟာ တော်တော်ကြည့်ကောင်းမယ့်ထဲ ပါနေမှာပါ။ကြည့်လည်းကြည့်ရခဲမယ့် ဖိလစ်ပိုင်ရုပ်ရှင်မျိုးပါပဲ။