Pamali: The Corpse Village HD

Pamali: The Corpse Village

Horror Mystery HD 2023-10-12 6.75 97 Min

ရွာတစ်ရွာမှာ အမည်မသိပလိပ်ရောဂါဆိုးကြီး ပျံ့နှံ့ကူးစက်နေတဲ့အတွက်ကြောင့်ခရိုင်ရုံးက ကျန်းမာရေးဝန်ထမ်းအချို့ကို စေလွှတ်လိုက်ပါတယ်…ရွာက အခေါင်အဖျားကျတဲ့အပြင် လူဦးရေနည်းပါတဲ့အပြင် မပြင်းထန်လွန်ဘူးလို့ ယူဆတာကြောင့် ဝန်ထမ်း ၃ယောက်ကိုသာ စေလွှတ်လိုက်ပါတယ်…ရွာကို လှေစီးသွားခါနီးမှာ မီလာတို့ ၃ယောက်အပြင် အခြားရွာက သုဘရာဇာ၂ယောက်လည်း ပါလာပါတော့တယ်….အကြောင်းကတော့ ရွာမှာ လူသေအလောင်းတွေ မတရားစုပုံနေတဲ့အပြင်မြှုပ်ပေးမယ့် သုဘရာဇာကိုယ်တိုင် ရောဂါကူးစက်သွားတာကြောင့်ပဲဖြစ်ပါတယ်…အစမှာတော့ အရာရာက ပုံမှန်လို လည်ပတ်နေပေမယ့်နောက်ပိုင်းမှာတော့ တဖြည်းဖြည်းထူးဆန်းတဲ့ အရာတွေ ဖြစ်လာပြီးတော့ညဆိုရင် အစ္စလာမ်ဘာသာအယူအဆရ သေသူကို အဝတ်နဲ့ စည်းနှောင်ထားတဲ့ပုံစံနဲ့ပိုချွန်းလို့ အမည်ရတဲ့ သရဲရုပ်အလောင်းကောင်တွေက ခြောက်လှန့်လာပါတော့တယ်…ဒီလိုအဖြစ်ဆိုးကြီးက ဘာကြောင့်ဘယ်လိုဖြစ်နေမှန်း မသိပေမယ့်တနေ့ထက်တနေ့ ဆိုးဝါးလာပြီး လူသားတွေပါ ဒုက္ခရောက်တဲ့အထိ ဖြစ်လာပါတော့တယ်…ဇာတ်လမ်းရဲ့ အဆုံးမှာ ဘာတွေဖြစ်ပြီး ဘယ်လိုအလှည့်အပြောင်းတွေထိတ်လှန့်ခြောက်ခြားစရာတွေနဲ့ တွေ့ကြုံရမလဲဆိုတာ ကိုယ်တိုင်ရှုစားလိုက်ကြပါဦးနော်