အိပ်မက်တွေအပြည့်နဲ့ အနာဂတ်အတွက်လျှောက်လှမ်းကြမဲ့ ချစ်သူနှစ်ဦးတစ်နေ့မှာ လူတစ်ယောက်ကို ကားနဲ့ဝင်တိုက်မိခဲ့တယ် ။ကိုယ့်ကြောင့် လူတစ်ယောက်သေရတယ်ဆိုတဲ့ အပြစ်တင်စိတ်ကတစ်ဖက် အသင့်ဖြစ်နေတဲ့အနာဂတ်ခရီးကတစ်ဖက် သူတို့ဘယ်လမ်းကို ရွေးချယ်ကြမလဲ…။သေသွားတဲ့လူမှာလည်း အဖေကိုခင်တွယ်ရှာတဲ့သားတစ်ယောက်နဲ့ကျန်နေခဲ့တယ်ဒီအက်ဆီးဒင့်နဲ့ပတ်သတ်ပြီး နောက်ထပ်ဆက်နွှယ်လာတဲ့သူတွေ ကံကြမ္မာကအခိုက်အတန့်တစ်ခုမှာ ဘဝများစွာရဲ့ အနာဂတ်ကိုတစ်ဆစ်ချိုးပြောင်းလဲလိုက်ပေမဲ့ဒီလူတွေက ကံစီမံရာအတိုင်းပဲနေလိုက်ကြမလား ကံကြမ္မာကိုကိုယ်တိုင်ဖန်တီးရင်ဆိုင်ကြမလားဆိုတာတော့…..