American Symphony HD

American Symphony

Documentary Music HD 2023-11-24 7.1 104 Min

ဂျွန်ဘတ်စ်တီဆိုတာ အမေရိကန်ဂီတလောကမှာတော့မသိတဲ့သူမရှိသလောက်ကို အောင်မြင်နေတဲ့ ဂီတပညာရှင်တစ်ယောက်ပါ။၂၀၂၂ ခုနှစ် ဂရမ်မီဆုပေးပွဲမှာလဲ ဂရမ်မီဆုတွေတသီကြီးသိမ်းကြုံးယူသွားတဲ့သူပေါ့။တေလာဆွစ်တို့ ဘယ်လီအိုင်းလစ်ချ်တို့ကိုကျော်ပြီး တစ်နှစ်တာအကောင်းဆုံး အယ်ဘမ်ဆုကိုပါ သိမ်းပိုက်သွားသူပါ။သူ့ရဲ့ Freedom ဆိုတဲ့သီချင်းဟာလဲ အတော်ပေါက်သွားတဲ့သီချင်းလေးပါ။သူ့ရဲ့ငယ်ဘဝမှာအိပ်မက်တစ်ခုရှိပါတယ် ဂီတဆိုတာ ပေါ့တွေ ဂျက်ဇ်တွေ ဘာတွေအမျိုးစားခွဲခြားမနေပဲနဲ့ အားလုံးကိုပေါင်းစုပြီးတော့ American Symphony ဆိုတဲ့သံစုံတီးဝိုင်းနဲ့သီချင်းတစ်ပုဒ်ကိုဖန်တီးနေချင်တာပါ။သူ့ရဲ့ငယ်ဘဝဟာလဲ ခက်ခဲခဲ့ပါတယ်။ မြေအောက်ရထား ဘူတာရုံတို့ လမ်းဘေးတို့မှာ အလကားသီချင်းဆိုပြီးနေ့တိုင်းပဲစားပြီး ဘဝကိုဖြတ်သန်းခဲ့ရတာပါ။ ဒါပေမဲ့ စာရေးဆရာမ ဆူလိုက်ခ်နဲ့တွေ့ပြီး ဘဝရဲ့လက်တွဲဖော်ကိုတွေ့ရှိခဲ့ပြီးနှစ်ယောက်သား အေးအတူပူအမျှဖြတ်သန်းခဲ့ပေမဲ့ ဆူလိုက်ခ်မှာက သွေးကင်ဆာရောဂါရှိနေတာပါ။ဂျွန်ဘတ်စ်တီကလဲ သူ့ရဲ့အိပ်မက်ဖြစ်တဲ့ Amreican Symphony ကို အကောင်ထည်ဖော်ဖို့ နှစ်နှစ်လောက်ကြာခဲ့ပြီးဒီကြားထဲ ဇနီးဖြစ်သူရဲ့ကင်ဆာရောဂါကလဲ နောက်ဆုံးအဆင့်ကိုရောက်နေပါပြီ။ သူ့အနေနဲ့ ဒီလိုဖိအားတွေ လူမည်းက ဒီလိုသံစုံတီးဝိုင်းကြီးလုပ်ရမလားဆိုပြီး ဝေဖန်တာတွေကြား ခဏခဏရပ်ပစ်ဖို့စဉ်းစားခဲ့ရပါတယ်။ဒါပေမဲ့ ဇနီးဖြစ်သူ သူငယ်ချင်းအပေါင်းသင်းတွေရဲ့ဖေးမမှုကြောင့်ပဲဒီ American Symphony ကြီးကိုလုပ်ဖြစ်ခဲ့တာပါ။ ဂျွန်ဘတ်စ်တီနဲ့ ဆူလိုက်ခ်တို့ရဲ့အချစ်ရေးဟာလဲအမေရိကန်မှာ လူကြိုက်အများဆုံးအချစ်ရေးပါပဲ။ သူတို့ရဲ့အကျဉ်းချုံးကျင်းပတဲ့ဗီဒီယိုဖိုင်နဲ့ သီချင်းဟာလဲ ယူကျု့မှာနာမည်ကြီးပါပဲ။ ဂျွန်ဘတ်စ်တီရဲ့ သူ့အနုပညာဘဝခရီးအကြောင်းရိုက်ထားတဲ့ Documentary လေးဟာ ၂၀၂၃ မှာထွက်ရှိလာခဲ့ပြီးပရိတ်သက်ကြီးအတွက်တင်ဆက်ပေးလိုက်ပါတယ်။