ာတ်လမ်းအကျဉ်းကတော့ ယိုဒါအထူးတပ်ဖွဲ့လို့ခေါ်တဲ့အိန္ဒိယရဲ့အထူးတပ်ဖွဲ့မှာ ဖခင်ဖြစ်သူက တာဝန်ထမ်းဆောင်ရင်းကျဆုံးသွားပေမယ့်လည်း သားဖြစ်သူအာရွန်က သူ့အဖေလိုပဲအထူးတပ်ဖွဲ့မှာ ဆက်လက်တာဝန်ထမ်းဆောင်နေပါတယ်လုပ်ဖော်ကိုင်ဖက် ပရီယာဆိုတဲ့ကောင်မလေးနဲ့လည်းလက်ထပ်ပြီးတော့ တာဝန်ထမ်းဆောင်လိုက် မိန်းမနဲ့ကြည်နူးလိုက်နဲ့ပဲဘဝကြီးကို ဖြတ်သန်းနေချိန်မှာ လေယာဉ်ပြန်ပေးမှုတစ်ခုဖြစ်ပြီးအဲ့လေယာဉ်ပေါ်မှာ အာရွန်က ဗီအိုင်ပီသက်တော်စောင့်အဖြစ်ပါလာတဲ့အခါမှာတော့အပြင်ကအဖွဲ့တွေကလည်း ညှိနှိုင်းကယ်တင်ဖို့ကြိုးစားရသလိုအာရွန်လည်း လေယာဉ်ပေါ်ကနေ တစ်ကိုယ်တော် ပြန်ပေးသမားတွေနဲ့ရင်ဆိုင်တိုက်ခိုက်ဖို့ဖြစ်လာပါတော့တယ်ငယ်ငယ်တုန်းက ကြည့်ခဲ့တဲ့ Con Air တို့ Air Force One တို့လို့ဖီလင်မျိုးနဲနဲတော့ ရတာမို့ အက်ရှင်ကားကြိုက်တယ်ဆိုတဲ့ပရိသတ်တွေအပန်းဖြေကြည့်ရှုနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်