ကမ္ဘာကြီးကို ဂရုမစိုက်တဲ့ လူသားတွေကို ကမ္ဘာကြီးက ပြန်လည်ဒုက္ခပေးတဲ့အချိန် ရောက်လာပါပြီကမ္ဘာပေါ်မှာရှိရှိသမျှ သက်ရှိတိုင်းက သဘာဝအတိုင်း ဖြစ်ပေါ်လာတဲ့ပိုးမွှားကူးစက်ခံလိုက်ရတဲ့အချိန်မှာလူသားတွေကလည်း ဇွန်ဘီတွေအဖြစ် ပြောင်းလဲသွားပါတော့တယ်အသက်ရှင်ကျန်ရစ်နေသေးတဲ့ လူသားတွေရဲ့ ရိက္ခာအတွက် အားကိုးစရာဆိုလို့ဗီဇပြောင်းလဲထားတဲ့ အပင်တစ်မျိုးပဲ ရှိတော့တဲ့အခြေအနေ ရောက်လာပါပြီကမ္ဘာကြီးကို အရင်ကအတိုင်း ပြန်ဖြစ်အောင်လုပ်နိုင်ဖို့ ကြိုးပမ်းနေကြတာ သိပ္ပံပညာရှင်တွေဆိုပေမယ့်ထိုသိပ္ပံပညာရှင်တွေအပါအဝင် လူသားအားလုံးအတွက် တစ်ခုတည်းသော အားကိုးရာ မျှော်လင့်ချက်ကအန္တရာယ်တွေ ရင်ဆိုင်ပြီး သိပ္ပံပညာရှင်တွေဆီ ရိက္ခာတွေ၊ လိုအပ်တဲ့ပါဆယ်တွေ ပို့ဆောင်ပေးနေတဲ့လူတွေပဲ ဖြစ်ပါတယ်သူတို့ကို လူတွေကတော့ ‘RIDER’ လို့ ခေါ်ကြပါတယ်Rider တွေဟာ အခက်အခဲတွေ အန္တရာယ်တွေကြားထဲမှာ ပါဆယ်တွေကို အသက်နဲ့ရင်းပြီး ဘယ်လိုပို့ဆောင်သွားမလဲ၊နောက်ဆုံးမှာ တကယ်ပဲ ကမ္ဘာကြီးကို ကယ်တင်နိုင်ပါ့မလားဆိုတာ စိတ်လှုပ်ရှားစွာနဲ့ စောင့်ကြည့်ပေးပါဦးနော်