Happy Ghost III HD

Happy Ghost III

Comedy Fantasy Horror HD 1986-07-03 6.7 89 Min

ာတ်လမ်းလေးကတော့ နာမည်ကြီးအဆိုတော်တစ်ယောက်ဖြစ်ချင်ပေမဲ့ဘဝပေးကံကြမ္မာကြောင့် ထုတ်ဝေတဲ့သီချင်းတိုင်းကိုအားပေးမှုမရှိပဲနောက်ဆုံးကိုယ့်ကိုယ် အဆုံးစီရင်သတ်သေသွားတဲ့ အဆိုတော်ရွှီကျောင်းကျောင်း။နောင်ဘဝမှာနာမည်ကြီးအဆိုတော်ဖြစ်ဖို့ပြန်လည်မွေးဖွားမယ့်ရက်ကောင်းရက်မြတ်ကိုရွေးပေမဲ့ခပ်တုံးတုံးအအဖြစ်တဲ့ကျောင်းဆရာခန်းစန်ကွေ့လူရဲ့ဖန်တီးမှုကြောင့် နှစ်ကြိမ်တိတိပြန်လည်မွေးဖွားခွင့်နဲ့လွဲချော်ခဲ့တယ်။ ဒါကြောင့်ရွှီကျောင်းကျောင်းကလက်စားချေဖို့နေ့တိုင်း တနည်းမဟုတ်တနည်းဒုက္ခပေးပါတော့တယ်။ဒါပေမဲ့ကျောင်းဆရာရဲ့အတိတ်ဘဝကချင်ခေတ်စာဂျပိုးဖြစ်ပြီးသရဲအဖြစ် ကိုယ်ထဲဝင်နေတဲ့အခါခန်းစန်ကွေ့မှာမတူညီတဲ့စွမ်းအားတွေရှိနေခဲ့တယ်။ဒီလိုနဲ့ရွှီကျားကျားရဲ့ ဒုက္ခကိုမခံနိုင်တဲ့အဆုံးသူ့ကိုချစ်ကျွမ်းဝင်အောင်လုပ်မှသာသူဒုက္ခပေးတာရပ်တန့်မယ်လို့ကျောင်းဆရာကို အကြံဉာဏ်ပေးလိုက်တဲ့အခါစတင်ဟန်ဆောင်ချစ်မိရာကနေတကယ်အတည်ချစ်မိသွားတဲ့အခါဘယ်လိုတွေဆက်ဖြစ်လာကြမလဲ။နာမည်ကြီးဟာသကားကောင်းလေးတကားဖြစ်တာကြောင့်လက်မလွတ်တမ်းကြည့်ရူအားပေးလိုက်ကြရအောင်