ာမန်စကားပြော ရုပ်ရှင်ဆန်းဆန်းလေးတစ်ကား တင်ဆက်ပေးလိုက်ပါတယ် ဥရောပဖလင်ဆိုတဲ့အတိုင်း ဟောလိဝုဒ်ဇာတ်ကားတွေနဲ့ မတူကွဲပြားတဲ့ ခံစားမှုကို ပေးစွမ်းနိုင်မယ့် ကားလေးပါလူသူကင်းမဲ့တဲ့ နေရာလေးက အိမ်တစ်လုံးမှာ ထူးဆန်းတဲ့ မိသားစုသုံးယောက်နေထိုင်ပြီး တစ်နေ့ လူငယ်ကျောင်းသားလေးတစ်ယောက်က သူတို့အိမ်မှာ အိမ်ခန်းတစ်ခန်းငှားမယ်ဆိုလို့ ရောက်လာပါတယ် စာလေ့လာဖို့ တိတ်ဆိတ်ပြီး လူသူကင်းမဲ့တဲ့နေရာဆိုလို့ ရောက်လာတာပေါ့ ဒါပေမဲ့ အိမ်ရှင်မိသားစုရဲ့ လူနေမှုအဖွဲ့အစည်းနဲ့ ဆန်ကျင်ဘက်ဖြစ်လွန်းတဲ့ နေထိုင်မှုစရိုက်တွေကို မြင်ရပြီး ခိုးလိုခုလု ဖြစ်ကုန်ပါတယ်ဒါ့အပြင် ကလောက်စ်ဆိုတဲ့ autism ကောင်လေးတစ်ယောက်ကို အိမ်ရှင်လင်မယားက စာသင်ပေးဖို့ တောင်းဆိုလာတဲ့အခါမှာတော့…ဘာတွေဆက်ဖြစ်မလဲ စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်ပြီး အတွေးလည်း နယ်ချဲ့နိုင်မယ့် ဂျာမန်ကားလေး ဖြစ်ပါတယ်ဇာတ်လမ်းခပ်အေးအေးနဲ့ ဘယ်ဇာတ်ကောင် ကလိမ်ကျနေတာလဲဆိုတာကို စိတ်ကူးပုံဖော်ကြည့်ရတာ နှစ်သက်သူတွေအတွက်လျှို့ဝှက်ဆန်းကြယ်အမျိုးအစား ရုပ်ရှင်တစ်ကား တင်ဆက်ပေးလိုက်ပါတယ်။ရှိန်းနဲ့ အိုလီဗီယာဆိုတဲ့ မောင်နှမနှစ်ယောက်ရှိတယ်။မောင်နှမနှစ်ယောက်လုံး သူတို့အဖေ တည်ထောင်ခဲ့တဲ့ ဆက်တယ်လ်ဆေးဝါးကုမ္ပဏီကြီးမှာအလုပ်လုပ်နေကြပြီး အစ်ကိုဖြစ်သူ စီအီးအိုနေရာမှာရှိနေတာကို ညီမဖြစ်သူကမကြိုက်။ အဖေဖြစ်သူ ရှိစဉ်အခါက လမ်းကူးရင်တောင် တားရော့ကတ်တွေက ဘေးကင်းတယ်ပြောမှ ကူးရလောက်အောင်ထိ တားရော့ကိုရူးသွပ်ခဲ့တဲ့သူ။သားဖြစ်သူ ရှိန်းလည်း ကုမ္ပဏီက အရေးပါတဲ့အဆုံးအဖြတ်တစ်ခုအတွက် တားရော့ဆရာမဆီက လမ်းညွှန်မှုမှန်နေတာကို တွေ့လိုက်ရတဲ့နောက်မှာတော့ အဖေဖြစ်သူလိုပဲ တားရော့ကို အတော်လေးယုံကြည်လာခဲ့ပါတော့တယ်။ နောက်ထပ် သူ့ဘ၀အတွက်အရေးပါတဲ့နေရာကိုရောက်လာမဲ့ မိန်းကလေးကို ဘားတစ်ခုမှာ ရှိန်းတွေ့ခဲ့ရပြန်တယ်။ ရှိန်းမသိတာ သူ့ပတ်ဝန်းကျင်က ဒီအမျိုးသမီးတွေဆီမှာ ကိုယ်စီကိုယ်စီ ဖုံးကွယ်ထားတဲ့အရာတွေ ရှိနေတဲ့အခါမှာတော့…။