ထိန်းမနိုင်တဲ့ကလေးသုံးယောက်ရဲ့ စွန့်စားခန်းကြီးအကြောင်းကို ရိုက်ကူးပြထားတဲ့ကားလေးပါ…။ဒီကလေးတွေဟာ ၁၂၊ ၁၃အရွယ် ပေါက်စလေးတွေဆိုပေမယ့် ဂိုဏ်းစတားအဘိုးကြီးတွေလို ဆိုင်ကယ်ကိုမှင်သေသေစီး၊ လေသေနတ်ကိုလွယ်၊ မျက်နှာဖုံးစွပ်နဲ့မြို့အနှံ့ပတ်ဆိုးကြတဲ့ ဇိုးလေးတွေပေါ့…။တစ်နေ့ကျတော့ သူတို့ဟာ ဂိမ်းဆော့ချင်လို့ စက်ရုံတစ်ခုမှာဂိမ်းစက်သွားခိုးလာပါတယ်…။အိမ်ရောက်တဲ့အခါ ဂိမ်းဆော့မယ်ကြံတော့ သူတို့အမေကတီဗီကို ပတ်စဝေ့ါခတ်ပြီးသိမ်းထားပါလေရော…။ဒီတော့ အမေ့ဆီမှာ ပတ်စဝေါ့သွားတောင်းတော့ အမေကဘလူးဘယ်ရီပိုင်မုန့်သွားဝယ်လာခဲ့ရင် ပေးမယ်ပြောပါတယ်…။သူတို့ရဲ့စွန့်စားခန်းလေးက ဒီမှာစတယ်ဗျ…။ဘလူးဘယ်ရီပိုင်မု့န်သွားဝယ်ရင်းနဲ့ လမ်းမှာ ဘယ်လိုဇာတ်လမ်းအစုံကြုံရမလဲ…ဒီဇိုးကလေးသုံးယောက်က ကြုံလာသမျှအခက်အခဲတွေကိုမဖြစ်ဖြစ်အောင် ဘယ်လိုဖြေရှင်းကြမလဲဆိုတာကိုစိတ်ဝင်စားဖွယ်ရာကြည့်ရှုရမယ့်ကားလေးပဲဖြစ်ပါတယ်….။