Ponyo HD

Ponyo

Family Fantasy Animation HD 2008-07-19 7.746 100 Min

ဒီကားလေးရဲ့ အောင်မြင်မှုတွေကို ပြောရမယ်ဆိုရင်ပရိတ်သတ်တွေကြားမှာ Ponyo Ponyoဖြစ်ခဲ့ရလောက်အောင် ကျော်ကြားခဲ့တဲ့ဇာတ်ကားလေးဖြစ်လာတဲ့အပြင်8th annual Tokyo Anime ဆုပေးပွဲမှာဆုတွေအများကြီးရစေခဲ့တဲ့ ဇာတ်ကားကောင်းလေးပါ။ဇာတ်လမ်းအကျဉ်းလေးကတော့ သဘောၤသားတစ်ဦးရဲ့အသက်ငါးနှစ်သာရှိတဲ့ သားလေးဟာ သူ့အမေနဲ့အတူပင်လယ်နားက တောင်ကုန်းလေးမှာ နေထိုင်တယ်။တစ်နေ့မှာ မမျှော်လင့်ပဲ ရွှေငါးလေးတစ်ကောင်ကို တွေ့ရှိခဲ့တယ်အဲ့ရွှေငါးလေးဟာ ရိုးရိုးငါးလေးမဟုတ်ပဲငါးတစ်ပိုင်းလူတစ်ပိုင်း ဖြစ်နေတဲ့ ရွှေငါးလေးဖြစ်တယ်ရွှေငါးလေးဟာ ဆိုဆုကီဆိုတဲ့ ကောင်လေးကိုသံယောဇဉ် တွယ်မိပြီး ဆိုဆုကီပေးထားတဲ့ပွန်းညို ဆိုတဲ့ နာမည်လေးနဲ့ လူသားတွေအနားမှာ နေခဲ့တယ်လူသားတွေကို မုန်းတဲ့ ပွန်းညို အဖေကသူ့သမီးလေးကို ဆိုဆုကီ ရှိကနေ နည်းအမျိုးမျိုးနဲ့ ပြန်လည်လုယူခဲ့တယ်ဒါပေမယ့် ပွန်းညိုက မှော်စွမ်းအားတွေရပြီးပြန်လွတ်သွားချိန်မှာ သူ့အစွမ်းတွေကြောင့် ဆိုဆုကီတို့မြို့တစ်မြို့လုံးရေနစ်မြုပ်ခဲ့တယ်သူကတော့ လူသားတစ်ယောက်အဖြစ်ဆိုဆုကီရှိကိုပြန်လာခဲ့တယ် ပွန်းညိုရဲ့မှော်အစွမ်းတွေကြောင့် ကမ္ဘာကြီးပျက်လုနီးပါးဖြစ်နေချိန်မှာငါးနှစ်အရွယ်သာရှိတဲ့ ဖြုစင်တဲ့ သူတို့ရဲ့ အချစ်စစ်နဲ့ကမ္ဘာကြီးကိုဘယ်လိုပြန်တည်ဆောက်သွားမလဲပွန်းညိုဟာ လူသားတွေကိုမုန်းတဲ့ သူ့အဖေ နဲ့ပဲရေအောက်မှာ ငါးအဖြစ်ဆက်နေသွားရမလားလူသားအဖြစ် ဆိုဆုကီအနားမှာနေရမလားဆိုတာဇာတ်ကားလေးကိုကြည့်ကြည့်လိုက်ကြနော်အရမ်းချစ်ဖို့ကောင်းတဲ့ ပွန်းညိုကားလေးကို ကြည့်ပြီး အကြိုက်တွေ့ကြပါစေ