The Three Musketeers: Milady HD

The Three Musketeers: Milady

Action Drama Adventure HD 2023-12-13 6.6 121 Min

Part 2 မှာတော့ Part 1 မှာဖြစ်ခဲ့တဲ့ ဘုရင်ကို လုပ်ကြံဖို့ ပေါင်းကြံခဲ့တဲ့လူတွေကို ဖော်ထုတ်ပြီး ဒီပုန်ကန်မှုရဲ့ ကြိုးကိုင်သူကိုရှာဖို့ လုပ်နေကြပါပြီ။ ဇာတ်လမ်းနာမည်ကို Milady လို့တပ်ထားတဲ့အတိုင်းပဲ အီဗာဂရင်းရဲ့ဇာတ်ကောင် Miladyဟာ မွှေနည်းပေါင်းစုံနဲ့ ပတ်မွှေကောင်းတုန်းပါပဲ။ ဘုရင်ကိုလုပ်ကြံဖို့လုပ်ရဲမှာက ဘုရင့်အတွင်းစည်းထဲက လူတွေပဲလို့ Musketeerတွေက ယူဆပြီး ဒီလူကို ရှာဖို့လုပ်ကြတယ်။ ဘုရင့်ရဲ့ အတွင်းစည်းထဲက ဒီလိုသစ္စာဖောက်မှုကို Musketeerတွေ အာဏာချင်းမမျှပေမဲ့ ဘယ်လို သတ္တိတွေနဲ့ သက်သေပြကြမလဲကြည့်ကြရမှာပါ။ Part 2မှာလည်း ဇာတ်လမ်းဟာ အဆုံးမသတ်သေးဘဲ Part 3 ကို ဦးတည်ထားပါတယ်။ Part 3 ထွက်မထွက်တော့ မသိရသေးပေမဲ့ ထွက်ချင်လည်းထွက်လို့ရသေးတဲ့ အခြေအနေပါပဲ။