Tokyo Revengers FHD

Tokyo Revengers

Action Crime Drama FHD 2021-07-09 7.9 120 Min

Mangaအ​နေနဲ့ volume 8ခုထွက်ရှိထားပြီးAnime အ​နေနဲ့ season 1 completeဖြစ်ထားသလိုဂျပန်မှာ​ရော International မှာပါ ​အောင်မြင်မှုအကြီးအကျယ်ရရှိထားတဲ့ mangaတစ်ခုပဲ ဖြစ်ပါတယ်၊အထူးသဖြင့် ဒီManga​ကိုရေးဆွဲသူ Ken Wakui ဟာ 2000ပြည့်နှစ်​တွေမှာ အမှန်တကယ် Gang memberဖြစ်ခဲ့ဖူးသလိုMangaထဲက ဇာတ်​ကောင်​တွေဟာလည်း 1960 ပြည့်နှစ်များထဲကJapanရဲ့ အထင်ကရ ရှိတဲ့ လူငယ်​မော်​တော်ဆိုင်ကယ်ဂိုဏ်းဖြစ်တဲ့Black Emperor Gangကို reference​​ရေးဆွဲထားလို့ဇာတ်​ကောင်​တွေရဲ့ ဆိုးမိုက်မှု၊ ရမ်းကားမှု၊ ​ဂိုဏ်းစတားပီသမှု​တွေဟာအပြင်ကတကယ့်ဂိုဏ်းစတား​တွေနဲ့ အ​တော်နီးစပ်မှုရှိတယ်လို့ ရည်ညွှန်းကြတဲ့ Mangaနဲ့ Anime​ကောင်းတစ်ခုပါအရှိန်အဝါကြီးသလို ​တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ​အောင်မြင်မှု အကြီးအကျယ်ရရှိထားတဲ့ Tokyo RevengersကိုLive Action Adaptationအ​နေနဲ့ ပြန်လည်အသက်သွင်းမယ်ဆိုကတည်းက​မျှော်လင့်ချက်ကြီး​တွေ ထားခဲ့သူ​တွေလည်း ရှိသလို သံသယမျက်လုံး​တွေနဲ့လည်း ​​စောင့်ကြည့်ခံခဲ့ရပါတယ်၊တစ်​ခေတ်တစ်ခါက အထူး​အောင်မြင်​ကျော်ကြားခဲ့တဲ့ Manga​တွေanime​တွေကိုLive Action နဲ့ အသက်သွင်းရာမှာ cast, director, script အစပ်အဟပ်တည့်ပြီး​အောင်မြင်မှုများစွာ ရရှိသွားတဲ့ကား​တွေရှိသလို ကဏ္ဍတစ်ခုခုမှာ အတိမ်းအ​စောင်းဖြစ်ရုံနဲ့အကြီးအကျယ်အရှုံး​ပေါ်ပြီး နာမည်ပျက်တဲ့အဆင့်ထိ​ရောက်သွားတဲ့ Live Action​တွေက ဒုနဲ့ ​ဒေးမလို့Tokyo Revengers လို Hit manga/animeအတွက် Live actionကို မျက်ခုံးလှုပ်ခဲ့သူ ခပ်များများပါဒါ​ပေမဲ့ ထွက်ရှိလာတဲ့အချိန်မှာ​တော့ IMDb 7.8အထိ ရရှိခဲ့သလိုWorldwideပြသရာမှာလည်း ​အောင်မြင်မှု အတိုင်းအတာတစ်ခုထိ ရှိခဲ့ပါတယ်၊Genreအ​နေနဲ့က​တော့ Action , Supernatural, Drama , School , Shounen ပါဒီ Tokyo Revengers Live Action ဟာ ​မျှော်လင့်ထားတဲ့ အတိုင်းအတာထက်ကျော်လွန်​အောင်​ စွမ်း​ဆောင်နိုင်ခဲ့တာ​​​တော့ ငြင်းမရတဲ့အချက်ပါပဲ၊ဒါရိုက်တာ Hanabusa Tsutomu နဲ့ Screenwriter Takahashi Izumiတို့ဟာMangaနဲ့ Animeရဲ့ အရသာမပျက်​အောင် ပါဝင်တဲ့ဇာတ်ဝင်ခန်း​တွေကို အနီးစပ်ဆုံး ရိုက်ကူးခဲ့တာ​ကြောင့်ရာနှုန်းပြည့်စိတ်​ကျေနပ်မှု မ​ပေးနိုင်ရင်​တောင် အတိုင်းအတာတစ်ခုထိ​တော့Mangaနဲ့ Anime fan​တွေကို ​ကျေနပ်​စေခဲ့ပါတယ်၊ဒါ့အပြင် သုံးထားတဲ့Cast​တွေကို ကြည့်မယ်ဆိုရင်You Are the Apple of My Eye(Japanese) နဲ့ Kaizoku Sentai Gokaiger( 2011)တို့ရဲ့ မင်းသား Yuki YamadaLet Me Eat Your Pancreas (2017)နဲ့ Night Doctor(2021)မှာ ပါဝင်ထားတဲ့ မင်းသား Takumi Kitamuraနဲ့Gintama live action​တွေထဲက Okita Sougoအဖြစ် castခဲ့သူ Ryo YoshizawaလိုLive Actionသားပြည့်ဝတဲ့နာမည်​ကျော်​တွေ ​ပါဝင်တာနဲ့အညီသရုပ်​ဆောင်ချက်​တွေက​ အပိုအလိုမရှိ ​ကောင်းမွန်သလိုMangaရဲ့ ဇာတ်​ကောင်စရိုက်​တွေကိုလည်း အပြည့်အဝပုံ​ဖော်​ပြနိုင်ခဲ့ပါတယ်ဇာတ်လမ်းအကျဉ်းကို​ပြောရရင်Takemichi Hanagakiဟာ ရှုံးနိမ့်မှု​တွေများစွာနဲ့ ဘဝကိုရင်ဆိုင်ဖြတ်သန်း​နေရသလိုဘဝရဲ့လက်စွဲ​ဆောင်ပုဒ်ဟာလည်း “​တောင်းပန်ပါတယ်” လို့ဆိုရတဲ့အထိလူတကာကို ​​​အောက်ကျို့၊ ပြဿနာ​ပေါင်းစုံကို ဖြတ်သန်း​နေရသူပါ၊ဘာဆိုဘာမှ အဆင်မ​ပြေခဲ့တဲ့သူ့ဘဝမှာ ရှားရှားပါးပါး ချစ်သူ​လေးတစ်​​​ယောက်​တော့ ရှိခဲ့ဖူးပါတယ်၊သူမက Hinata Tachibanaပါ၊ချစ်ခဲ့ဖူးသူ Hinataတစ်​ယောက်ဟာလည်း ​မောင်ဖြစ်သူ Naota Tachibanaနဲ့အတူTokyo Manjiဂိုဏ်းနဲ့ တခြား Yazukaဂိုဏ်း တစ်ခုရဲ့ပဋိပက္ခကြား ပဲ​လှော်ကြားဆားညပ်ရင်း ​သေဆုံးသွားပါတယ်ဘဝကလည်း အဆင်မ​ပြေ၊ ချစ်ဖူးသူကပါ ​လောကမှာမရှိ​တော့တဲ့ Takemichiအ​နေနဲ့စိတ်ဓါတ်ကျစွာ ​မြေ​အောက်ရထားဘူတာမှာ သွားခို​နေရင်းရုတ်တရက် ရထားဆိုက်ခါနီးကမှ ရထား​ပြေးလမ်း​ပေါ် တွန်းချခံလိုက်ရပါတယ်၊ရထားတိုက်လုဆဲဖြစ်တဲ့အချိန်မှာပဲ ပ​ဟေဠိဆန်စွာ လွန်ခဲ့​သော၁၀နှစ်အထက်တန်း​ကျောင်းသား ဆိုး​ပေလူမိုက်လုပ်ခဲ့ဖူးတဲ့ အချိန်ကာလကို ပြန်​ရောက်သွားခဲ့ပါတယ်၊သူ့ကိုယ်သူ time travel လုပ်ခဲ့မိမှန်း သိသွားတဲ့ Takemichiတစ်​ယောက်အထက်တန်း​ကျောင်းသားဇိုးဘဝနဲ့ ပစ္စုပ္ပန်အချိန်မှာ အင်အားကြီးဂိုဏ်းဖြစ်​နေတဲ့၊သူ့အချစ်ဦး ကို ​သေဆုံး​စေခဲ့တဲ့ Tokyo Manji Gang​ခေါ် Tomen ဂိုဏ်းရဲ့မူလအစက​နေ သွား​ရောက်ရင်ဆိုင်ရင်း ဂိုဏ်းဂဏအရှုပ်​တော်ပုံကြားဘယ်လိုပါဝင်ပတ်သတ်မိသွားမလဲ၊ချစ်ရတဲ့သူ Hinataကို​ရော သူ​​​​ရောက်ရှိ​နေတဲ့ အတိတ်ကာလက​နေကံကြမ္မာကို ဘယ်လိုဖန်တီး​ပြောင်းလဲရင်း ကယ်တင်ဖို့ ကြိုးစားမလဲဆိုတာကို ကြည့်ရှုရမှာပါAnime fan​တွေအ​နေနဲ့ season1အဆုံးထိ ထွက်ရှိပြီးတာ​ကြောင့်ဘာ​တွေဆက်ဖြစ်မလဲဆိုတာကို သိနိုင်​ပေမဲ့အခုမှ ဒီLive Action ကို စကြည့်မယ့်ပရိတ်သတ်​တွေအတွက်လည်းTokyo Revengers အ​ကြောင်းကို ပိုစိတ်ဝင်စားလာ​အောင် လုပ်နိုင်တဲ့ Live Action ဇာတ်ကားတစ်ခုလို့ ​ပြောရမှာပါ၊ချခန်း နှက်ခန်း ဂန်းစတားခန်း​တွေ အ​တော်​လေးပီပြင်သလို ကြည့်လို့လည်း ​ကောင်းပါတယ်၊ ​တကယ့်​​သွေးထွက်သံယို scene​တွေကိုလည်း မညှာတမ်းထည့်ထားသလိုဇာတ်ကားသ​ဘောအရ အ​ပြောအဆို​တွေလည်း ကြမ်းတာ​ကြောင့်က​လေးသူငယ်​တွေအ​နေနဲ့​တော့ ကြည့်ဖို့ မသင့်​တော်ပါဘူးLive Action​တွေ ထွက်သ​လောက် ထင်တိုင်းမ​ပေါက်၊ တိုးမ​ရောက် Fail မ​လောက် ဖြစ်​နေတဲ့ဒီဘက်​ခေတ် Manga/ anime/ live action fan​တွေအ​နေနဲ့​ဒီ Tokyo Revengers LAဟာ ​ရေငတ်တုန်း​ရေငတ်​ပြေ​​စေမှာ​တော့ အ​သေအချာပဲဖြစ်ပါတယ်၊ဒါ့အပြင် Anime ကို မသိဘဲ Actionကားကောင်း​ ခပ်ကြမ်းကြမ်းကိုမှ ကြည့်ချင်တဲ့ပရိတ်သတ်​တွေအတွက်လည်း standalone ကြည့်လို့ အဆင်​ပြေတဲ့ Actionဇာတ်ကြမ်းပဲဖြစ်ပါတယ်၊အညွှန်း နဲ့ ဘာသာပြန်က‌‌‌‌တော့ JimX ပဲ ဖြစ်ပါတယ်။