Dan in Real Life HD

Dan in Real Life

Comedy Drama Romance HD 2007-10-26 6.5 98 Min

ဇာတ်ကားအမျိုးအစားက အချစ်ဟာသဇာတ်မြူးလေးပါ။ ခွက်ထိုးခွက်လန်ရယ်ရတဲ့ဟာသကားမျိုးမဟုတ်ပါဘူး။ဒါပေမယ့် အချစ်ကားဆိုတာတော့ တကယ်အဟုတ်ပါ။Rating တွေကတော့ IMDb – 6.8/10 နဲ့Rotten Tomato 65% ဆိုတော့ ကြည့်ပျော်ပါတယ်ဆိုတာထူးညွှန်းစရာတော့ မလိုသ​လောက်ပါပဲ။ အရမ်းကြီးထူးထွေဆန်းပြားနေတာတွေ မပါဘဲဖြစ်တတ်တာလေးတွေကိုရိုက်ပြသွားတာကိုက တကယ်ဖြစ်ပျက်နေတာကိုကြည့်ရသလိုဖြစ်စေတာမျိုးပါ။Dan ဆိုတဲ့ သမီး ၃ ယောက်အဖေ မုဆိုးဖိုတစ်ယောက်ရဲ့အကြောင်းကို Thanks Giving အတွက်မိသားစုတွေဆုံကြတဲ့အချိန် ဆုံကြတဲ့နေရာလေးမှာ ဇာတ်အိမ်တည်ပြီး ရိုက်ထားတဲ့ ဇာတ်လမ်းလေးပါ။အချစ်အကြောင်းသိချင်တာဆို ကြည့်ကြည့်ပါလို့ပြောလို့ရတဲ့ ဇာတ်လမ်းပါ။ အချစ်က ဘယ်လိုဆိုတာပြထားတာလေးတွေအပြင် ထူးထူးခြားခြား အချစ်ကဘာဆိုတာ ပြောပြထားတာလေးပါ ပါတယ်။သိရအောင် ကြည့်ကြည့်လိုက်ပါဦး။အသက်အရွယ်ကို လိုက်ပြီးတော့ရောအချစ်က မတူကွဲပြားတတ်လားဆိုတာမျိုးကိုလည်းထည့်ရိုက်ပြထားသေးတယ်။နောက်ထပ်တစ်ခုက Right Time, Right Person မဖြစ်ရမကြုံရရင်ရော ဘာတွေများဖြစ်ကုန်တတ်လဲ၊အဲ့လိုကြုံရတဲ့လူတွေ ဘယ်လိုလုပ်ကြလဲဆိုတာလည်း သိရမယ့်ဇာတ်လမ်းလေးပါ။အချစ်အကြောင်းချည်းပဲလားဆိုတော့မဟုတ်ပါဘူး။ ဘဝအတွက် အရေးပါတဲ့သတင်းစကားလေးလည်း ပါတယ်။ဇာတ်ကားနာမည်မှာ In Real Life ထည့်ထားတာကအဲ့ဒီ့ ဘဝနေနည်းလေးကို သက်သေပြထားတာလို့ပြောလို့ရတယ်။ စာတွေရေးတဲ့လူက သူ့စာတွေထဲမှာရေးထားသလိုနေဖို့ထက် တကယ့်ဘဝမှာဘယ်လိုနေရမလဲဆိုတာ သူကိုယ်တိုင်သိလာတာကို ရိုက်ပြထားတာမလို့ပါ။ ပြီးတော့ မိသားစုတွေကြားက ပျော်စရာလေးတွေ၊ ကလေးတွေအထူးသဖြင့်ဆယ်ကျော်သက်တွေကိုထိန်းကျောင်းသင်ပြပုံ Parentingတွေ၊ မိဘတွေလုပ်မိတတ်တဲ့ အမှားတွေ အစရှိသဖြင့် စုံစုံစိစိလေးအံဝင်ခွင်ကျ သူ့အကန့်နဲ့သူ ပါပါသေးတယ်။အဲ့ဒါတွေအကုန်လုံးကို ဒီတိုင်းပေါ့ပေါ့ပါးပါးလေးသိရ ကြည့်ရမယ့် ဇာတ်ကားလေးဆိုတော့တစ်နာရီခွဲလောက် အချိန်ပေးဖို့ ထိုက်တန်မှာပါ။အဓိက သရုပ်ဆောင် Steve Carell နဲ့ Juliette Binoche ရယ်၊ တခြားသရုပ်ဆောင်တွေရယ်ကသဘာဝကျကျလေး ပါဝင်ထားပါတယ်။ ဒီမိသားစုဇာတ်လမ်းကို ရိုက်ဖို့အတွက်အဲ့ဒီသရုပ်ဆောင်တွေအကုန်လုံးက ဇာတ်ကားမရိုက်ခင်ကတည်းက အဲ့ဒီ့ဇာတ်ကားရိုက်တဲ့အိမ်လေးမှာမိသားစုဝင်တွေလို ရင်းနှီးနေအောင် တကူးတက သွားနေကြပြီးမှကို ရိုက်ထားတဲ့ဇာတ်ကားလို့ပြောပါတယ်။ ကြည့်ဖြစ်အောင် ကြည့်လိုက်ပါဦး။