Ghost Book: Obake Zukan HD

Ghost Book: Obake Zukan

Fantasy HD 2022-07-22 5.6 112 Min

ဂျပန် anime လောကနဲ့ မစိမ်းတဲ့သူတိုင်း Yokai ဆိုတာကို သိကြမှာပါ။မမြင်အပ်သော နတ်ဆိုး၊ တစ္ဆေ၊သရဲတွေကို တမျိုးခေါ်ခြင်းဖြစ်ပြီးဂျပန်မှာတော့ ကိုးကွယ်ကြတဲ့သူတွေလည်း ရှိပါတယ်။ဒီကားလေးထဲမှာတော့ ကောင်လေးသုံးယောက်က နတ်နန်းတစ်ခုမှာ လိုချင်တဲ့ဆန္ဒကို အသီးသီးတောင်းဆိုခဲ့ပါတယ်။အဲဒါကို ကြားသွားခဲ့တဲ့ နတ်မင်းက အဲကလေးတွေဆီကို သူ့တပည့်ကိုလွှတ်လိုက်ပြီးYokaipedia လို့ခေါ်တဲ့ သရဲစာအုပ်ကို ရှာခိုင်းပြီး အဲစာအုပ်ထဲကစိန်ခေါ်မှုကို အောင်မြင်မှ ဆုတောင်းကို ဖြည့်ပေးမယ်ဆိုပြီး ပြောခဲ့ပါတယ်။အသက်အန္တရာယ်များတာကို မမှုပဲ ကောင်လေးသုံးယောက် ရဲရဲဝံ့ဝံ့ပဲ ခေါင်းညိတ်ခဲ့ပါတယ်။အဲဒီအချိန်မှာ ကျောင်းကိုရောက်လာတဲ့ အစားထိုးဆရာမ ဟာကာမာယိုကိုဆိုတဲ့ ကောင်မလေးကလည်းသူတို့ကလေးတွေကြားထဲ ဝင်ပါလာတဲ့အခါ……ဘယ်လိုတွေဆက်ဖြစ်ကြမလဲ။ကောင်လေးသုံးယောက်ကရော သူတို့ဆုတောင်းတွေပြည့်ပါ့မလား။ဆရာမကရော လူကြီးအနေနဲ့ ကလေးတွေကြားမှာ အဆင်ပြေမလား။