Barbie in A Mermaid Tale HD

Barbie in A Mermaid Tale

Family Fantasy Animation HD 2010-01-25 7.2 75 Min

Merliah Summers လို့ဆိုလိုက်ရင် Malibu ရဲ့ Celebrity အကျော်အမော်ရေလွှာလျှောစီးသူတွေထဲကတစ်ယောက်လို့ ပြေးမြင်ကြပါလိမ့်မယ်။ လှိုင်းစီးတဲ့ Stunt တွေလှလွန်းလို့ “Queen of the waves” လို့တောင် တင်စားရတဲ့ကစားသမားတစ်ဦးပါ။ နာမည်လေးလည်း ရနေပြီးသားဖြစ်လို့ Merliah တစ်ယောက် အကောင်းဆုံးကစားသမားနေရာကို မှန်းထားခဲ့ပါတယ်။ ပြိုင်ပွဲနေ့မှာလှိုင်းလုံးအမြင့်ကြီးကိုမှ ရွေးပြီးစီးလို့ Merliah လူစိတ်ဝင်စားခံနေရချိန်မှာပေါ့။ရုတ်တရက်ဆိုသလို လူစိတ်ဝင်စားရတဲ့ အကြောင်းအရင်းက ပြောင်မြောက်တဲ့စတန့်ကွက်တွေကနေ ရေစင်တာနဲ့အမျှ တဖြည်းဖြည်းပန်းရောင်ပြောင်းလာတဲ့Merliah ဆံပင်တွေဖြစ်သွားပါတော့တယ်။နာမည်လည်းကြီး Hightlight လည်း အလကားဖောက်လိုက်ရသလို ဖြစ်သွားပေမယ့် Merliah ပျော်မနေခဲ့ပါဘူး။ ဆံပင်တင်ဆန်းတာမဟုတ်ဘဲ ခန္ဓာကိုယ်ကပါ တမူထူးပြီး ရေအောက်ထဲမှာ အသက်ရှူနိုင်နေတဲ့အပြင် လင်းပိုင်တစ်ကောင်ကပါ စကားလာပြောသွားလို့ပါပဲ။ လူထူးလူဆန်းဆိုတဲ့ ခေါင်းစဉ်ကြီးအောက်ကနေနာမည်မကြီးချင်လို့ အဘိုးလုပ်သူကို မေးကြည့်လိုက်တဲ့အခါမှာတော့ ဘဝရဲ့အကြီးမားဆုံး Surprise နဲ့ ကြုံလိုက်ရပါတော့တယ်။