သာမန် Sci- ficတွေထက် အပုံကြီးကျယ်ပြန့်တဲ့ Frank Herbertရဲ့Duneစာအုပ်တွဲတွေကို မှီငြမ်းရိုက်ကူးထားတဲ့ဇာတ်လမ်း၊ Timotheé Chalamet, Zendaya, Oscar Issac,တို့အပါအဝင် ကောင်းပေ့ဆိုတဲ့ Castတွေ၊ Legendarysoundtrack တွေပဲ တီးခတ်တဲ့ Hans Zimmer၊ ပြောင်မြောက်လွန်းတဲ့ VFXနဲ့ CGIတွေရဲ့ ပေါင်းစပ်မှုအပြီးမှာDUNE 2021ဇာတ်ကားဟာ ပရိတ်သတ်တွေ အမျှော်လင့်ဆုံးဇာတ်ကားဆိုရင်လည်း မမှားနိုင်ပါဘူး။အနာဂတ်နှစ်ပေါင်း၂၀၀၀၀ကျော်မှာ အခြေပြုထားတဲ့ ခေတ်လွန် Dune Universeထဲမှာ Known Universeကိုအုပ်ချုပ်နေတဲ့ Emperorဆိုတာရှိပြီး သူတို့ရဲ့လက်အောက်မှာတော့ Housesတွေက နယ်မြေအသီးသီးကို အုပ်ချုပ်ပါတယ်။ဒီဇာတ်လမ်းရဲ့ အဓီကအကြောင်းရင်းကတော့ HouseHarkonnenတွေ နှစ်ပေါင်း၈၀ကြာအောင် အုပ်ချုပ်လာတဲ့Planet Dune တဖြစ်လဲ Planet Arrakisကို Emperorရဲ့အထက်အမိန့်အရ House Atreidesတွေကို ပြောင်းလဲအုပ်ချုပ်စေခြင်းကစပါတယ်။ဒါပေမဲ့ Harkonnenတွေဟာ Arrakis ဂြိုလ်ပေါ်ကရတဲ့Spiceဆိုတဲ့အရာကြောင့် ဂြိုလ်ကိုလွယ်လွယ်လက်လွှတ်မခံနိုင်ပါဘူး၊Spiceဆိုတာဟာ Dune universeတစ်ခုလုံးမှာ အဖိုးအတန်ဆုံးအရာပါ၊ Spiceကိုစားသုံးရင် စိတ်အာရုံနိုးကြားကာအသိဉာဏ်ပညာတိုးပွားလာခြင်း၊ သက်ရှည်ကျန်းမာစေခြင်းစတဲ့စွမ်းအားတွေရရှိမှာဖြစ်ပြီး သူ့ကိုလည်း Arrakisဂြိုလ်တစ်ခုထဲမှာပဲ တူးဖော်နိုင်မှာပါ၊ တူးဖော်ခွင့်ရှိတဲ့ Houseဟာလည်းEmperorထက်တောင် ပိုပြီးချမ်းသာသွားမှာပါ။ဒါကြောင့်မလို့ နိုင်ငံရေးအရရော၊ စီးပွားရေးအရပါ အချက်အချာဖြစ်နေတဲ့ Duneဂြိုလ်ကို လွှဲပြောင်းယူလိုက်ရတဲ့ House Atreidesအနေနဲ့ House Harkonnenရဲ့ ဒုက္ခပေးလာမှုရော၊Emperorနဲ့ တခြားHouseတွေရဲ့ ရန်စလာမှုကိုပါဘယ်လိုကြံ့ကြံ့ခိုင်ရမလဲ၊House Atreidesရဲ့ သားတော်… အိမ်တော်ရဲ့အနာဂတ်The Oneအဖြစ် တင်စားခံရတဲ့ Paulကရော Atreidesတွေကိုဘယ်လောက်ထိ ခေါင်းဆောင်ပေးသွားမလဲ…… Dune: Part Two (2024)ဇာတ်လမ်းအကျဉ်းDune ဒုတိယမြောက်ရုပ်ရှင်မှာတော့ အေထရီးဒီးအိမ်တော်ကျဆုံးပြီး ပေါလ်အေထရီးဒီးတို့သားအမိဖရေးမန်းတွေနဲ့ပူးပေါင်းမိသွားတာကနေ စပါတယ်။ဖရေးမန်းတွေထဲက ဘာသာရေးယုံကြည်သူတွေအလိုအရအေထရီးဒီးရဲ့ မိခင်က မယ်တော်ကြီးဖြစ်လာပြီးပေါလ်အေထရီးဒီးကလည်း သူ့ကို လီဆန် အာ-ဂါရစ်ဆိုတဲ့ကယ်တင်ရှင်ပရောဟိတ်လို့ ယုံကြည်နေကြသူတွေနဲ့မယုံကြည်ကြသူတွေကို စည်းရုံးပြီး ဟာကွန်နင်အိမ်တော်နဲ့အင်ပါယာကို ဖြုတ်ချဖို့ ကြိုးစားပါတော့တယ်။ ပထမရုပ်ရှင်က ဇာတ်လမ်းအပျိုးမို့ နိုင်ငံရေးနဲ့တိုက်ပွဲအသေးစားတွေပဲပါပေမယ့် ဒီရုပ်ရှင်မှာတော့ အဆုံးအဖြတ်တိုက်ပွဲကြီးတွေဖြစ်လာပြီး နောက်ရုပ်ရှင်အတွက် ပိုကြီးတဲ့တိုက်ပွဲတွေကိုလည်းအစပျိုးသွားပါပြီ။