လိုရန်ဇိုဆိုတဲ့ကောင်ချောလေးတစ်ယောက်ဟာ လောင်းကစားလုပ်ရင်းလူဆိုးသူဌေးဖြစ်တဲ့ ဂျာဘီနိုကို အနိုင်ရပေမဲ့ ဟိုကအကျင့်ယုတ်ပြီးလိုက်သတ်ဖြတ်နေတဲ့အတွက် မြို့ကနေ ရှောင်ပြေးရာကနေအပျိုစင်တွေချည်း ရှိတဲ့ သီလရှင်ကျောင်းထဲကိုပရမ်းပတာနဲ့ ရောက်သွားပါတော့တယ်။ သူချစ်တဲ့ သူဌေးမလေးဆိုတာကျ မိဘသဘောအရရုရှားမြို့စားတစ်ယောက်နဲ့ လက်ထပ်ရမယ်ဆိုပေမဲ့လည်းလူဆိုးသူဌေး ဂျာဘီနိုကလည်း သိမ်းပိုက်ဖို့ချောင်းနေတာပါ။ဒီမှာတင် သူဌေးမလေးကလည်း ရုရှားမြို့စားမလာခင်လူဆိုးသူဌေးကြီးကို မယူချင်တာကြောင့် သူငယ်ချင်းတွေနဲ့အတူနယ်ဖက်ကို ထွက်ပြေးလာပြီး လိုရန်ဇို စားဘဲကြီး လုပ်နေတဲ့သီလရှင်ကျောင်းကို ရောက်သွားတဲ့အခါမှာတော့…..။ Rating ပိုင်းအရ အဲဒီလောက် မဟုတ်ပေမဲ့လည်းမင်းသမီးချောလေးတွေအုပ်လိုက်ကြီးကို သွားရည်တမြားမြားနဲ့ကျောင်းသားဟာသကားလိုမျိုး ကြည့်ရတဲ့ဖီလင်တစ်ခုတော့ ပေးပါလိမ့်မယ်။