ဇာတ်လမ်းအကျဉ်းလေးကတော့ လူငယ်တစ်စု အရုပ်ကျွန်းပေါ်ကို သွားဖို့ကြိုးစားပေမဲ့ဒေသခံတွေကတော့ အရုပ်ကျွန်းပေါ်မသွားစေချင်ကြပါဘူး။ဒါပေမဲ့ ကျွန်းပေါ်ကိုအတင်းမရရအောင် သွားမယ်ဆိုတော့ မပို့ချင်ပို့ချင်ပဲ ပို့ပေးလိုက်ရပါတယ်။ဒါပေမဲ့ အဲ့ကျွန်းပေါ်ရောက်တော့ တစ်စုံတစ်ခုက နိုးထလာခဲ့ပြီဆိုတာကိုတော့ ဘယ်သူမှမသိကြပါဘူး။သူတို့တွေဘယ်လို အရာနဲ့ရင်ဆိုင်ရမယ်ဆိုတာသူတို့ကြားထဲမှာရှိတဲ့ လူတွေက လျှို့ဝှက်ချက်ကိုယ်စီနဲ့ဆိုတာဇာတ်လမ်းအလှည့်ပြောင်းလေးတွေနဲ့ ကြည့်ရမဲ့ ဟော်ရာကားလေးပါပဲ။