Toy Story 4K

Toy Story

ဒီဇာတ်ကားက Toy Story ဇာတ်ကားတွဲ​တွေရဲ့ ပထမဆုံးဖြစ်ပြီး၁၉၉၅ ခုနှစ်ကတည်းက ထွက်ရှိခဲ့တာပါ။ကျွန်​တော်တို့ ချစ်ရတဲ့​ကောင်းဘွိုင်​လေးဝူဒီတို့တသိုက်နဲ့အာကာသရိန်းဂျားကြီးဘတ်ဇ် စ​တွေ့ခဲ့တဲ့ ဇာတ်ကားပဲ ဖြစ်ပါတယ်။အန်ဒီဆိုတဲ့ ​ကောင်​လေးရဲ့ အရုပ်​တွေဖြစ်ကြတဲ့ ဝူဒီတို့ဟာ ​မွေး​နေ့ပွဲလို ခရစ္စမတ်လို ​နေ့​တွေ ​ရောက်တိုင်း လက်​ဆောင်​တွေထဲမှာသူတို့နေရာကို အစားထိုးမယ့် အရုပ်အသစ်​တွေ ​ရောက်လာမှာကိုအမြဲ​​တမ်း စိုးရိမ်နေခဲ့တာပါ။ အရုပ်အသစ်​တွေ​ကြောင့် အန်ဒီ သူတို့ကိုအချစ်​လျော့သွားမှာကိုစိုးရိမ်​နေကြတာ​ပေါ့။ အဲဒီလိုနဲ့ အန်ဒီရဲ့​မွေး​နေ့တစ်ခုအ​ရောက်မှာသူတို့မလိုချင်ဆုံး အရာတစ်ခု အန်ဒီ့ဆီ ​ရောက်လာပါ​တော့တယ်။အဲဒါက​တော့ ​နောက်ဆုံးထွက်ထားတဲ့ အာကာသရိန်းဂျား ဘတ်ဇ်လိုက်ရီးယားပဲဖြစ်ပါတယ်။ က​လေး​တွေရဲ့ထုံးစံအတိုင်း အန်ဒီကအသစ်ရတဲ့ အရုပ်အသစ်ကို ပိုသ​ဘောကျ​နေတဲ့အချိန် အရင်ကအန်ဒီအကြိုက်ဆုံးအရုပ်​လေး ဖြစ်ခဲ့တဲ့ ​ကောင်းဘွိုင်​လေးဝူဒီကဘတ်ဇ်ကို မ​ကျေမနပ်ဖြစ်ရာက​နေ ဒီဇာတ်လမ်းစတင်ခဲ့ပါတယ်။​နေရာလုဘက် ဖြစ်​နေတဲ့ သူတို့၂​ယောက်ကို ဘယ်လိုကိစ္စမျိုးကနားလည်မှုရသွား​စေမလဲ၊ မထင်မှတ်ဘဲကြုံလာရတဲ့ ပြဿနာကိုမတည့်တဲ့ကြားထဲက​နေ ဘယ်လိုပုံစံမျိုး​နဲ့ အချင်းချင်းရိုင်းပင်းပြီးကူညီ​ဖြေရှင်းသွားကြမလဲဆိုတာ ကြည့်ရှုရမှာပါ။