ဒီ Animationဇာတ်ကားလေးက၁၉၈၇ကတည်းက ထွက်ရှိခဲ့တဲ့ Chipmunkလေးတွေရဲ့ စွန့်စားခန်းကာတွန်းကားပဲ ဖြစ်ပါတယ်။IMDbမှာ 7.2အထိ ရရှိထားပါတယ်။ဇာတ်လမ်းကတော့ သူတို့ရဲ့သခင်ဖြစ်သူ ဒေ့ဗ် ဥရောပကို အလုပ်နဲ့ခရီးထွက်သွားချိန် အိမ်မှာကျန်ခဲ့တဲ့ အယ်လ်ဗင်တို့ ချစ်မန့်ရှဉ့်လေး ၃ကောင်နဲ့ဘရစ်တနီတို့ ချစ်ပတ်ရှဉ့်လေး ၃ကောင်တို့ကမ္ဘာတစ်ပတ်ဂိမ်းပြိုင်ဆော့နေရင်းသူနိုင်ကိုယ်နိုင် ငြင်းနေချိန် ကလောက်စ်နဲ့ ကလောက်ဒီယာ ဆိုတဲ့သူဌေးမောင်နှမနှစ်ယောက်က ရှဉ့်လေးတွေကို စရိတ်ငြိမ်းအနေနဲ့တကယ့်အပြင်မှာ ကမ္ဘာပတ်ရမဲ့ ပြိုင်ပွဲတစ်ခု လုပ်ပေးမယ်ဆိုပြီးပြောလာပါတယ်။ တကယ်တော့ အဲဒီသူဌေးမောင်နှမတွေကစိန်မှောင်ခိုကုန်သည်တွေဖြစ်ပြီး ရဲတွေမရိပ်မိအောင်အယ်လ်ဗင်တို့နဲ့ကမ္ဘာအနှံ့က စိန်မှောင်ခိုဝယ်သူတွေဆီတစ်ဆင့်ခံပို့ပေးဖို့ အကြံနဲ့ပြိုင်ပွဲလုပ်ပေးတာပါ။ အယ်လ်ဗင်နဲ့ ဘရစ်တနီတို့တွေ အသုံးချခံဖြစ်နေတာကို သိသွားကြမလား၊ သူတို့ရဲ့ ကမ္ဘာပတ်ခရီးစဉ်ထဲမှာဘယ်လို အခက်အခဲနဲ့ အန္တရာယ်တွေကို စွန့်စားကျော်ဖြတ်ရမလဲဆိုတာ ချစ်စဖွယ်ကြည့်ရှုရမှာပါ။